ရန်ကုန်၊ စက်တင်ဘာ ၂၈
အာဏာရှင် စနစ်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ” ဝ အဖွဲ့နှင့် တကွ
ဘယ်အဖွဲ့စည်း ဘယ်ပုဂ္ဂိုလ်ကို အုပ်ချုပ်ခွင့် ခွဲပေးပေး
ဒီချိန်မှာ နိုင်ငံကို လုယက်ထားတဲ့ စစ်ကောင်စီနဲ့ပူးပေါင်းသူမှန်သမျှဟာ ပြည်သူ့ရန်သူ နိုင်ငံ့ရန်သူပဲ။ အားလုံးကို တွန်းလှန်ကြရမယ်” ခေါင်းစဥ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။