25.9 C
Yangon

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် CDM ဝင်၊ ငွေကျပ် သိန်း ၆၀ အခမ်းအနားဖြင့်ချီးမြှင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် လက်နက်အပြည့် အစုံဖြင့် CDM ဝင်လာကြောင်း ထီးလင်း PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် ဂန့်ဂေါခရိုင် တပ်ရင်း ၂၊ ၄၊ ၁၀ သို့ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါရဲတပ်သားသည် ရဲတပ်ရင်း ၃၅၊ မိတ္တီလာမှဖြစ်ပြီး BA 64 (G4)တစ်လက် ၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၂၄၈ တောင့်၊ လှံစွပ် ၁ ချောင်း CDM ဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားကို ဂန့်ဂေါ ခရိုင်တပ်ရင်း ၂၊ ၄၊ ၁၀တို့က ငွေကျပ် သိန်း ၆၀ ချီးမြှင့်ကြောင်း သိရှိရသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆန္ဒရှိသော စစ်သား၊ ရဲများအနေဖြင့် ဂန့်ဂေါခရိုင် အမှတ် ၂/၄/၁၀ တပ်ရင်းသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ထီးလင်း PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article