26 C
Yangon

ပဲခူးတွင် စက်မှုဇုန် လုံခြုံရေးအတွက် ဒရုန်း ဝယ်ယူရန်ဟုဆိုကာ စက်ရုံတစ်ရုံလျှင် ဒေါ်လာတစ်ထောင် စစ်တပ်က အဓမ္မတောင်းခံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပဲခူးတွင် စစ်ကောင်စီဒေါက်တိုင် ပဲခူးစက်မှုဇုန် ဥက္ကဋ္ဌ မြန်မာပြည်ဟိန်းထက်က စက်မှုဇုန်အတွင်း လုံခြုံရေးအထောက်အကူပြု ပစ္စည်းများ ဝယ်ယူတပ်ဆင်ရန်ဟုဆိုကာ စက်ရုံတစ်ရုံလျှင် အမေရိကန် ဒေါ်လာ ၁,၀၀၀ နှုန်းဖြင့် အဓမ္မတောင်း ခံကြောင်း သတင်းရရှိသည်။

“မြန်မာပြည်ဟိန်းထက်ဆိုတဲ့အကောင်က ပဲခူးစက်မှုဇုန်မှာ နာမည်ကြီး ပေါက် ပေါက်ရောက်ရောက်ရှိတဲ့ကောင်။ စက်ရုံတွေကို လုံခြုံရေးအတွက် ဒရုန်းဝယ်ရမယ်၊ တစ်ရုံကို ဒေါ်လာတစ်ထောင် ထည့်ပါလို့ တောင်းတယ်။ ဘာဒရုန်းလဲ ဘယ်လိုမျိုးလဲလို့မေးတော့ မပြောဘူး။ ပထမက ဒီတိုင်းအတောင်းတယ်။ နောက်မကြာခင် ဝန်ကြီးဌာန လက်မှတ်နဲ့ စက်ရုံတွေကို စာပို့လာပြီးတောင်းတယ်” ဟု ပဲခူးစက်မှုဇုန်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် နီးစပ်သူ မြန်မာပြည်ဟိန်းထက်ဆိုသူသည် ပဲခူးမြို့၊ ညောင်အင်းစက်မှုနယ်မြေတွင် စက်မှုဇုန် ဥက္ကဋ္ဌ ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက် ရက်စွဲဖြင့် စာထုတ်ပြန်ကာ စက်ရုံများထံမှ အဓမ္မ ငွေကောက်ခံနေခြင်းဖြစ်သည်။

ပဲခူးမြို့၊ ညောင်အင်းစက်မှုနယ်မြေတွင် စက်ရုံပေါင်း ၇၂ ခု ရှိကြောင်း သိရှိရသည်။

အဆိုပါ မြန်မာပြည်ဟိန်းထက်ဆိုသူသည် ကိုဗစ်ကာလအတွင်း၌ စက်မှုဇုန်အတွင်းမှ အလုပ်သမားတစ်ယောက်အတွက် ငွေကျပ် ၂,၅၀၀ ပေးရမည်ဟု စက်ရုံများထံမှ ကောက်ခံခဲ့ပြီး ယခုထိတိုင် စာရင်းမရှင်းသေးကြောင်း စက်မှုဇုန်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article