25 C
Yangon

ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများဖြင့် အကျပ်ကိုင်ခံရသော ကြံ့ဖွတ်ဥက္ကဋ္ဌ သန်းဌေး မင်းအောင်လှိုင်အလိုကျ ဥက္ကဋ္ဌ ရာထူး ထပ်မပြိုင်တော့ဟု ကြေညာ၊ ခင်ရီ ဥက္ကဋ္ဌ ဖြစ်လာရန် ရာနှုန်းပြည့်သေချာနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ကြံ့ဖွတ်ပါတီတွင် ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများဖြင့် အကျပ် ကိုင်ခံနေရသော သန်းဌးသည် မင်းအောင်လှိုင်၏ အလိုကျ အတိုင်း ကြံ့ဖွတ် ဥက္ကဋ္ဌ ရာထူးကို ထပ်မံ မယှဉ်ပြိုင်တော့ကြောင်း ယနေ့ ကြံ့ဖွတ် ညီလာခံတွင် တရားဝင် ကြေညာသွားပြီဖြစ်သည်။

“ဥက္ကဋ္ဌ ရာထူးအတွက် ယှဉ်ပြိုင်ဖို့ အမည်စာရင်း ထပ်မတင်တော့ဘူးဆိုတာ သူ အနားယူပါပြီလို့ ပြောတာ။ သူမပါတော့ဘူးလို့ ပြောတာပါ။ တပ်ချုပ် ထောက်ခံတဲ့ အုပ်စု သဘောအတိုင်း ၊ တပ်ချုပ် သဘောအတိုင်းပါလို့ ပြောချင်တာပါပဲ။ ဦးသန်းဌေးက လက်လျှော့လိုက်ပြီလို့ပြောလို့ရတယ်။ ဦးခင်ရီ ဥက္ကဋ္ဌ ဖြစ်ဖို့က ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ရရှိထားသော စာရင်းများအရ ကြံ့ဖွတ်ပါတီ ဦးဆောင်မည့်သူများတွင် ခင်ရီ၊ မြင့်လှိုင်၊ သောင်းအေး၊ မောင်မြင့်၊ လှဆွေ၊ သူရမြင့်မောင်များသည် ဗဟိုအလုပ်အမှုဆောင်အသစ်များအဖြစ် စာရင်းတွင်ပါဝင်နေကြောင်း၊ စစ်သားမဟုတ်သည့် သူတချို့လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင် ဖွယ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရုရှားသွားရောက်ခဲ့သည့် မင်းအောင်လှိုင်ပုံကို အွန်လိုင်းပေါ်တွင် ပြည်သူတချို့က သရော်ထားသည့်ပုံနှင့် ကြံ့ဖွတ် ဥက္ကဋ္ဌ ဖြစ်လာမည့် ခင်ရီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article