26.3 C
Yangon

ရန်ကုန်မြို့လယ်ခေါင် ယာဉ်ထိန်းရဲကင်းအနီးတွင် ဗုံးတွေ့ရှိ၍ လမ်းပိတ်ပြီး စစ်တပ်က ဖောက်ခွဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းနှင့် ဗန္ဓုလလမ်းမထောင့်ရှိ ယာဉ်ထိန်းကင်းရုံးအနီးတွင် ဗုံးတွေ့ရှိ၍ လမ်းပိတ်ပြီး ဖောက်ခွဲလိုက်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်မြို့လယ် ခေါင်တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာကြားရကြောင်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်းကို ပိတ်ချပြီး ဖောက်ခွဲလိုက်ကြောင်း၊ ဖောက်ခွဲပြီးနောက် လမ်းတချို့ ပြန်လည်ဖွင့်ပေးကြောင်း သိရှိရသည်။

” ၂ နာရီလောက်မှာ ဗုံးတွေ့တယ်ဆိုပြီး လမ်းတွေ ပိတ်ချပစ်တယ်။ ပြီးတော့ ၂ ခွဲလောက်မှာ ခွဲလိုက်တာ။ သူတို့ဟာ သူတို့ လုပ်နေတာ ထင်ပါတယ်။ ရှေ့တန်းမထွက်ချင်လို့ ဂွင်ဆင်နေတာလားမသိဘူး။ လက်နက်အပြည့်အစုံ၊ ဗုံးကာဗာ အပြည့်အစုံနဲ့ စစ်သားတွေ ဗုံးကို ဖောက်ခွဲသွားတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပန်းဆိုးတန်းလမ်း ပြန်ပွင့်နေဖြစ်သော်လည်း တချို့လမ်းများ ဆက်လက် ပိတ်ထားကြောင်း ယူနီဖောင်း အပြည့်အစုံဖြင့် စစ်သားများနှင့် စစ်ကားများ နေရာအနှံ့တွင် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင် ယနေ့ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလမ်းကို လမ်းပိတ်ထားစဉ်။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article