ရန်ကုန်၊ အောက်တိုဘာ ၉
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင် ဘန့်ဘိန်းမြို့ နောင်ကယ်ရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့၌ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားညီအကို မောင်နှမများ တော်လှန်ရေး မြေပြင်ကိုတိုင်းရင်းသား ညီအကိုမောင်နှမများ အနေနဲ့ အမြဲပါဝင်ထောက်ပံ့ ပေးကြပါလို့ မေတ္တာရပ်ခံ လိုက်ပါတယ်။ အခုလက်ရှိ အခြေအနေက စစ်အုပ်စုဟာ လေယာဥ်တွေနဲ့ပစ်ခတ်နေတာပါ။ မြေပြင်တော်လှန်ရေးအတွက်မိမိတို့တတ်နိုင်တဲ့ဘက်ပါဝင်ပေးကြပါ” အခမ်းအနားပွဲ စီစဥ်ရာတွင် ပါဝင်သည့် New Power Generation NPG အဖွဲ့မှ ကိုဖြိုးပိုင်က ပြောဆိုသည်။