31 C
Yangon

ဗန်းမောက်၊ စီးမော်ရွာနှင့် သောင်ကြီးရွာကို စစ်တပ်က လေယာဥ်ဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့၊ နေအိမ် ၃၁ လုံးနှင့် ဝန်ထမ်း အိမ်ယာ အပါအဝင် အုပ်ချုပ်ရေးမှူးရုံးပါ ပြာကျ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် စီးမော်ရွာနှင့် သောင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် စီးမော်ရွာနှင့် သောင်ကြီးရွာကို အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဂျက်ဖိုက်တာ ၃ စီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံ ပြည်သူများ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်စဥ် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ် ၃၁ လုံးနှင့် ဝန်ထမ်း အိမ်ယာ အပါအဝင် အုပ်ချုပ်ရေးမှူးရုံးကိုပါ မီးရှို့ဖျက်ဆီး သွားကြောင်း သိရသည်။

” ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ဗန်းမောက်မြို့ စီးမော်ကျေးရွာနဲ့ သောင်ကြီး ကျေးရွာကို စစ်ခွေးတွေ ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ စီးမော်ကျေးရွာထဲက ပြည်သူပိုင် နေအိမ် ၂၄ လုံး၊ ပညာရေးဝန်ထမ်း အိမ်ယာ ၇ လုံး၊ ကျေးရွာအုပ်ချုပ်ရေးရုံး ၁ ရုံးနဲ့ သောင်ကြီးရွာက ပြည်သူပိုင် နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article