28 C
Yangon

တန့်ဆည် ယနေ့ တိုက်ပွဲတွင် အင်အား ၁၀၀ ပါ စစ်တပ်စစ်ကြောင်းမှ ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ၁၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေတကျေးရွာအနီးသို့ စစ်ကြောင်းထိုး‌လာသော စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ အောက်တိုဘာလ ၁၁ရက် နံနက် ၉ နာရီခန့်အချိန်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း တန့်ဆည် PDF ထံမှ သိရသည်။

အင်အား၁၀၀ခန့်ရှိသော စစ်သားနှင့် ပျူစောထီးပူးပေါင်းတပ်ကို ဗိုလ်သိစိတ်ဦးဆောင်သော တန့်ဆည်PDF ၊ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)နှင့် ဒေသကာကွယ်‌ရေး ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။

“စစချင်း ထိတွေ့မှုဖြစ်နေတုန်း ‌ခွေးအလောင်း ၆လောင်း ဆွဲသွားတာ တွေ့ရတယ်။ ဒီကောင်တွေ ရှေ့ဆက်တိုးလာတော့ တိုက်မိုင်းမိတဲ့အပြင် လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆော်ကြတာ ၄ယောက်ထက်မနည်း‌ထပ်သေပြီး ၂၀ကျော် ဒဏ်ရာရတယ်။ စနိုက်ပါထိလို့ တစ်ကောင်သေတယ်။ ဒီကောင်တွေက အရင်တိုက်ပွဲတွေကတည်းက ခွေးအလောင်းတွေကို ချန်မထားခဲ့ဘူး သယ်သွားတာ၊ သက်သေဖျောက်တဲ့ သဘောဖြစ်မယ်”ဟု ရှေ့တန်းရဲဘော်က ပြော သည်။

ထို့နောက် ရှေ့ဆက်ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို အင်ကြင်းပင်တောရအနီးရှိ မူးဘောင်တွင် ရွှေဘိုခရိုင်တပ်ရင်း(၂၅) TPCအဖွဲ့က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၁၀ ဦးခန့် ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီးတွင် PDFတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင် စီတပ်သားများက အလောင်းများ၊ ဒဏ်ရာရ စစ်သားများကို ထမ်း၍ တန့်ဆည်မြို့ဘက်သို့ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရကြောင်း ဒေသခံများက ပြော သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တန့်ဆည်မြို့နယ်၊ ဒယ်ရောက်ရွာအနီးတွင် အောက်တိုဘာလ ၈ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်၇ဦး ကျဆုံးခဲ့ရသည်။

ဓာတ်ပုံ- တန့်ဆည် PDF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article