28 C
Yangon

စစ်တပ်နှင့် ဝန်ထမ်းအားလုံး မဖြစ်မနေ မဲပေးရမည်ဖြစ်၍ အိမ်ထောင်စု လူဦး ရေစာရင်း ၆၆/ ၆ အမြန်လုပ်ခိုင်း၊ရွေး ကောက်ပွဲ ကျင်းပဖြစ်လျှင် မဲမပေးသူ ဝန်ထမ်းများကို အရေးယူမည်ဟု ဖိအားပေးခြိမ်းခြောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းအားလုံး ကျင်းပရန် စီစဉ်နေသည့် ရွေးကောက် ပွဲတွင် မဲပေးရမည်ဖြစ်ပြီး မဲပေးရန်အတွက် အိမ်ထောင်စု လူဦးရေ စာရင်း လ၀က ပုံစံ ၆၆/၆ များကို အမြန်ပြင် ဆင်ရွှေ့ပြောင်းကြရန်၊ မဲမပေးလျှင် မဲမပေးသည့်ဝန်ထမ်းကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း နေပြည်တော်ဝန်ထမ်းများက ပြောသည်။

“ကျမ အိမ်ထောင်စုစာရင်းက ရန်ကုန်မှာ။ မဲပေးဖို့လည်း အစီအစဉ်မရှိဘူး။ အဲဒါကို မဲပေးဖို့အတွက် နေပြည်တော် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆ / ၆ ထဲ ရွှေ့ခိုင်းတယ်။ မရွှေ့ချင်ဘူး၊ ရန်ကုန်ပြန်မဲပေးမယ်ဆိုတော့လည်း မဟုတ်ဘူး။ မဲမပေးရင် အရေးယူခံရမယ်။ နေပြည်တော်ကို အိမ်ထောင်စုစာရင်း ရွှေ့ခိုင်းတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ် မိသားအသိုင်းအ၀ိုင်းများတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်း ၆၆/၆ များ လုပ်ခိုင်းထားပြီး ယင်း အိမ်ထောင်စုလူဦးရေစာရင်းလုပ်ရန်အတွက် စစ်သားများ၏ လစာအတွင်းမှ ငွေကျပ် ၃ သောင်း ဖြတ်ယူကြောင်း၊ စစ်သားမိသားစုများအားလုံးကိုလည်း ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက မဖြစ်မနေ မဲပေးရမည်ဟု တပ်ရင်းမှူးများက ပြောဆိုကြောင်း သိရှိရသည်။

“တပ်ထဲမှာ ၆၆/၆ ပုံစံလုပ်ခိုင်းတယ်။ အဲဒါ လစာထဲက ငွေ ၃ သောင်း ဖြတ်တယ်။ မလုပ်ချင်လို့မရဘူး။ မဲပေးဖို့ လုပ်ခိုင်းတာပြောတယ်။ လစာထဲက နည်းပါတယ်ဆိုမှ ၃ သောင်းက ထပ်ဖြတ်ခံရတယ်” ဟု တပ်မိသားစုဝင်တစ်ဦးက ပြောသည်။

တပ်မိသားစုများ၏ အဆိုအရ တပ်တွင်း မဲရုံများ ဆောက်လုပ်မည်ဖြစ်ပြီး ကြိုတင်မဲများကိုလည်း စစ်သားများက ပေးရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်မသိသေးသော်လည်း တပ်ရင်းမှူးများက ရွေးကောက်ပွဲ ဖြစ်ပေါ်လာလျှင် တပ်မိသားစုများ မဲပေးရလိမ့်မည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article