28 C
Yangon

စစ်တပ်ထိပ်တန်း သတင်းများ ပေါက်ကြားမှု မရှိစေရေး အရေးယူဆောင်ရွက်ရန် မင်းအောင်လှိုင် ညွှန်ကြား၊ ရှမ်းပြည်သို့ အထူးရထားတွဲဖြင့် သွားမည့်ကိစ္စ ပေါက်ကြားမှု မင်းအောင်လှိုင် ဒေါသထွက်ပြီး ခရီးစဉ်ရွှေ့ဆိုင်းကာ မော်လမြိုင်ခရီးစဉ် ဖုတ်ပူမီးတိုက် စီစဉ်ခိုင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်တန်းသတင်းများပေါက်ကြားနေမှုများအပေါ် အရေးယူ ဆောင်ရွက်ကြရန် ညွှန်ကြားလိုက်ပြီး ရှမ်းပြည်သို့ မိသားစုနှင့်တကွ အထူးသီးသန့်ရထားတွဲဖြင့် သွားမည့်ကိစ္စ ပေါက်ကြားမှုကြောင့် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မှ ရှမ်းပြည်ခရီးစဉ် မသွားတော့ဘဲ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်ရှိ စစ်တပ်တက္ကသိုလ် နည်းပြများနှင့်တွေ့ဆုံရာတွင်လည်းကောင်း၊ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင်လည်းကောင်း စစ်တပ်အတွင်း သတင်းများပေါက်ကြားနေမှုကို ထိန်းသိမ်း အရေးယူရန်ညွှန်ကြားကြောင်း၊ စစ်သားများကိုယ်တိုင်သာမက စစ်တပ်မိသားစုဝင်များအနေဖြင့်လည်း သတင်းများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တပ်ပိုင်းဆိုင်ရာ သတင်းများ သည် အသက်တမျှ အရေးကြီးကြောင်း၊ စည်းလုံးညီညွတ်မှုနှင့် သတင်းမပေါက်ကြားရေးသည် စစ်တပ်အတွက် အဓိက အရေးကြီးဆုံး ဖြစ်ကြောင်း၊ စည်း လုံးညီညွတ်မှု မရှိစေရန် သတင်းများဖြင့်ဖြိုခွဲနေကြောင်း ၊ သတင်းပေါက်ကြားမှုများကို အရေးယူ ရန် မင်းအောင်လှိုင်က ပြောဆိုသည်။

မင်းအောင်လှိုင်က ၎င်းစီးနင်းမည့် အထူးသီးသန့်ရထားတွဲဖြင့် ပြင်ဦးလွင်မှ ရှမ်းပြည်နယ်၊ လားရှိုး သို့သွားရန် စီစဉ်ထားသည့် ရထားခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး မော်လမြိုင် ခရီးစဉ်ကို ၂၄ နာရီအတွင်း ဖုတ်ပူမီးတိုက်စီစဉ်ခဲ့ကြောင်း သိရှိရသည်။

“မော်လမြိုင်ကို တပ်ချုပ် လာမယ်ဆိုတာက မနေ့က ချက်ချင်းကြီး စီစဉ်ပြီး ဖြစ်လာတာ။ တိုင်းမှူးတွေရော၊ နယ်မြေခံဝန်ထမ်းတွေ အကုန်တက်ရမယ်ဆိုပြီး အကုန် ညတွင်းချင်းခေါ်တာပါ။ မနေ့ကမှ လုံခြုံရေးတွေ အားချင်းစီစဉ်ကြတာ” ဟု မွန်ပြည်နယ်မှ အရပ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

လတ်တလော မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ တာချီလိတ်တို့သို့ သွားရောက်ပြီး မိုင်းဖုန်း၊ ၀စိပိတ် ဘုန်းကြီးတို့ကို သွားရောက် ကန်တော့မည့် အစီအစဉ်ကိုလည်း ရဟတ်ယာဉ်ဖြင့် သွားရောက်ရန် ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်။

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article