ရန်ကုန်၊ အောက်တိုဘာ ၂၁
ပခုက္ကူဒေသအတွင်းရှိ အခြေခံပညာကျောင်းတစ်ကျောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ်မှ ဦးဆောင်ကာ ကျောင်းသားထုအင်အားဖြင့် အခြေခံပညာကျောင်းသားများသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အဖွဲ့ကို ကျောင်းသားထုမှ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခဲ့ကာ ကျောင်းသားထု စုပေါင်း၍ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး စုပေါင်းဆန္ဒပြခဲ့ကြကြောင်း All Burma Federation of Student Unions-cec က သတင်းထုတ်ပြန်သည်။