24.6 C
Yangon

ဖလမ်းမြို့တွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ထွက်ပြေးသွားပြီးနောက် သေဆုံးလျက် အလောင်း ပြန်လည် တွေ့ရှိ၊ သရက်ချောင်းတွင် စစ်တပ်သတင်းပေး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ချင်းပြည်နယ်တွင် ဖလမ်းမြို့တွင် ဖမ်းဆီးရမိသည့် စစ်တပ်မှ စစ်သုံ့ပန်း ၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားပြီးနောက် သေဆုံးလျက် အလောင်း သာ ပြန် လည် တွေ့ရှိရကြောင်းချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ-၂၆၈ ခြေလျင်တပ်ရင်းမှ ဒု-တပ် ကြပ် ကိုတိုးသည် CNDF တပ်ဖွဲ့က အောက် တိုဘာ ၁ ရက်နေ့တွင် ဖမ်းဆီးမိခဲ့ရာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့ကြောင်း၊ သို့ရာတွင် အောက် တိုဘာ ၁၂ ရက်နေ့ ထိန်းသိမ်းထားသောနေရာမှ စစ်သုံ့ပန်း စစ်သား က ကိုယ် လွတ်ရုန်း ထွက်ပြေးသွားပြီး ပြန်လည်ဖမ်းဆီးရန် လိုက်လံရှာဖွေခဲ့ရာ အောက် တိုဘာ ၂၁ ရက်တွင် ချောင်းဘေးတစ်နေရာ၌ သေဆုံးလျက် အလောင်းပြန်လည် တွေ့ရှိရကြောင်း ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊အောက်သရက်ချောင်းရွာတွင် အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက စစ်တပ်သတင်းပေး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center ထံမှ သိရှိရသည်။

အောက်တိုဘာ၂၀ ရက်၊ည ၁၀ နာရီခန့်အချိန် နောင်စိုး နှင့် စိုးထိုက် ဆိုသူတို့ ကို အမည်မသိလူတစ်စုက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ထားရာမှာ နောင်စိုး သေဆုံးကြောင်း၊ နောင်စိုးသည် ကျောင်းဆရာလုပ်ရင်းဖြင့် စစ်တပ်သတင်းပေးနေသူဖြစ်ကြောင်း၊ စိုးထိုက်မှာမူ ဒဏ်ရာသာရရှိကြောင်း သိရှိရသည်။

“ကျောင်းဆရာ နောင်စိုး သေနတ်ကျည် ၃ ချက်ပစ်ခံရ၍ပွဲချင်း ပြီးဆုံးပါးသွားတယ်။ နောက်ထပ် ဒလန်တစ်ဦးလည်း ပစ် ခတ်ခံရပြီးဆေး ကုသခွင့်မရသေး​ဘဲ အခုထိရွာမှာရှိနေပါတယ်”ဟု ဒေသခံ တစ်ဦး ကပြောသည်။

ဓာတ်ပုံ- ခလရ-၂၆၈ ခြေလျင်တပ်ရင်းမှ ဒု-တပ် ကြပ် ကိုတိုး၏ အလောင်းကို ပြန်လည်တွေ့ရှိရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article