24.6 C
Yangon

NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်းမှုန်းဆာခေါင်းနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

တောင်ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့တွင် NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်းမှုန်းဆာခေါင်းနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးမှ စီစဉ်မှုဖြင့် အောက်တိုဘာလ၂၃ နေ့တွင် ဘူဖြောင်းမြို့၌ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂခန်းမတွင် မွန်းလွဲ ၁၂ နာရီမှ ၃နာရီ အထိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာလျန်းမှုန်းဆာခေါင်းနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ် အပါအဝင် တောင်ကိုရီယားယောက်မြန်မာ တိုင်းရင်းသား ခေါင်းဆောင်တွေနှင့် မြန်မာ အများစု တက်ရောက်ကာ ဆွေးနွေးနေခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်းမှုန်းဆာခေါင်းက ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက်
ပြည်ပမှ ထောက်ပံ့မှုသည်လည်း အရေးကြီးကြောင်း၊ ယခု လက်ရှိ တော်လှန်ရေးတွင် ပြည်သူ့ဘက်က တော်လှန်မှုတွင် အင်အားကောင်းကာ စစ်ကောင်စီ အမြန်ဖြုတ်ချဖို့အတွက် နိုင်ငံသားတွေ ထောက်ပံ့မှုသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article