30.7 C
Yangon

အမရပူရရဲစခန်းလက်အောက်ရှိ စစ်ကိုင်းတံတားရဲကင်းမှ သေနတ် ၂ လက် ပျောက်ဆုံးမှု ရဲ ၃ ဦးကို စစ်တပ်က ဖမ်းဆီး စစ်ကြော၊ အမရပူရ စခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ကျပ်သိန်း ၂၀၀ ယူဆောင်ထွက်ပြေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရဲစခန်း လက်အောက်ရှိ စစ်ကိုင်းတိုင်းတံတား ရဲကင်းမှ သေနတ် ၂ လက်ပျောက်ဆုံးသွားဖြင့် ရဲကင်းနှင့် အမရပူရရဲစခန်းမှ ရဲ ၃ ဦးကို စစ်တပ်က ဖမ်းဆီး စစ်ကြောနေကြောင်း ရဲအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရဲကင်းမှ သေနတ် ၂ လက်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေနတ် ၃ လက်ကို သေတ္တာတွင် သော့ခတ်ထားစဉ် ၂ လက်ပျောက် ဆုံးခြင်းဖြစ်ကြောင်း ၊ ပျောက်ဆုံးသည့် သေနတ်များကို ကြိတ်ရှာသော် လည်း မတွေ့သည့်အဆုံး စစ်တပ်ကို အကြောင်းကြားရာမှ ရဲ ၃ ဦး ဖမ်းဆီး စစ် ကြောခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမရပူရ စခန်းပိုင် စစ်ကိုင်းတံတား ရဲကင်းမှာ သေနတ် ၂လက်ပျောက်သွားပါတယ်။ သော့ခတ်ထားတဲ့ သေနတ် ၃လက်ထဲမှာမှ ၂လက်ပျောက်တာပါ။ သေ နတ်မပျောက်တဲ့ ရဲကို မင်္သကာဖြစ်ကြပါတယ်။ ပထမတော့ သူတို့ဘာသာ ကြိတ် ရှာနေတာပါ။ နောက်ပိုင်းမတွေ့တော့မှ အကြောင်းကြားတာ။ ရဲတစ်ယောက်ထွက်ပြေးတယ်။ ၃ယောက် စစ်ကြောရေးကို ဖမ်းခေါ်သွားပါတယ်။ စစ်တပ်က လာဖမ်းတာပါ” ဟု ရဲအသိုင်းအဝိုင်းက ပြောသည်။

အဆိုပါဖြစ်စဉ်များမတိုင်မီ အမရပူရမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

“အမရပူရစခန်း ရဲတပ်ကြပ်ကြီးတစ်ဦးလည်း ရွှေငွေ သိန်း၂၀၀ ဖိုးလောက် ယူပြီး ထွက်ပြေးသွားတယ်။ အဲဒါကတော့ သေနတ်ပျောက်တဲ့ဖြစ်စဉ်တွေ မတိုင်မီဖြစ်တာ။ ပြီးတော့ ရဲတပ်သား ဇင်ဖြိုးအောင် ဆိုသူကလည်း ကျည်ဆံတွေပျောက်လို့ဆိုပြီး ၁ တောင့်ကို ၇၀၀၀၀ နဲ့ စခန်းက လျှော်ခိုင်းပါတယ်။ အဲဒီမှာလည်း ရဲတွေအချင်းချင်း မကြည်မဖြူတွေ ဖြစ်ကြတယ်” ဟု ရဲအသိုင်းအဝိုင်းက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်သည်)
Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article