28.3 C
Yangon

ထိုင်းနိုင်ငံ မဟာချိုင်တွင် PDF တပ်ဖွဲ့များကို ထောက်ပံ့ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ် ထိုင်းယူနစ်ရပ်ကွက်တွင် ကမ္ဘာမကြေရွှေညီကိုအသင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် PDF များထံ လက်နက်ထောက်ပံ့နိုင်ရန် အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေး အဖြစ်စတင်ပြောင်းလဲလာသည့်အချိန်မှစ၍ ကမ္ဘာမကြေရွှေညီကိုအသင်းမှ အပတ်စဥ်အလှူခံ၍ ရရှိလာသော အလှူငွေများကို PDF များထံ တစ်လလျှင် သေနတ် ၂ လက်မှ ၃ လက်အထိ ပုံမှန်ထောက်ပံ့လျှက်ရှိကြောင်း၊အပတ်စဥ် တနင်္ဂနွေ ရက်တိုင်း၌ အလှူခံဖြစ်ပြီး ပုံမှန် အလှူခံရငွေမှာ ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ရှိကြောင်း၊ ယခုအပတ်တွင်လည်း ၈၆၀၀၀ ကျော် ရရှိကြောင်း အဖွဲ့တာဝန်ခံ ကိုဇင်မင်း မှပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article