35 C
Yangon

မုံရွာကျောင်းသားများနှင့် လက်ပံတောင်း ပင်မသပိတ် ပူးပေါင်း၍ ဖားကန့်ကျဆုံးပြည်သူများအ တွက် ဝမ်းနည်းခြင်းနှင့် စစ်အာဏာရှင် ကျဆုံးရေး ချီတက်သပိတ်မှောက်

Must read

ရန်ကုန်၊​အောက်တိုဘာ ၂၆

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီးလက်ပံတောင်းပင်မသပိတ်တို့ ပူးပေါင်း၍ ” ဖားကန့် – အနန့်ပါ အတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ ” သပိတ်စာတန်းကို ကိုင်စွဲပြီး ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး ယ​နေ့ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

“ကချင်မြေကို ထိရင် ငါတို့အားလုံးနဲ့ ငြိတာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဘယ်နေရာကို ထိထိ ကျနော်တို့ ပြည်သူအားလုံးနဲ့ သေချာပေါက် ငြိတာပဲဖြစ်တယ်။ ကချင်မြေက ပြည်သူတွေနဲ့အတူ ကျနော်တို့ မြေပြန့်သူတွေအားလုံး အတူရှိနေပါတယ် ။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ သွေး စည်းညီညွတ်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကြပါဆို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်”ဟု သပိတ်ခေါင်းဆောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article