32 C
Yangon

ဖားကန့်တွင် ကျဆုံးခဲ့သည့် ကချင်ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ” ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” စာတန်းကိုင်ဆောင်ကာ ကချင်ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

“ကချင်တိုင်းရင်းသားများနဲ့ အတူရှိနေကြောင်းပြသလိုသည့်အတွက်ကြောင့် သပိတ်ထွက်ရှိခဲ့ပါတယ်။ ကချင်မြေကိုထိတာဟာ ကျနော်တို့နဲ့ ငြိတာပါပဲ။ မြန်မာနိုင်ငံရဲ့ မည်သည့် အစိတ်အပိုင်းကိုပဲ ထိထိ ကျနော်တို့နဲ့ ငြိတာပါပဲ။ ဖားကန့်ဖြစ်စဥ်အတွက် ကျနော်တို့တွေအားလုံး စိတ်မကောင်း ဝမ်းနည်းမိပါတယ်။ ကျနော်တို့ရဲ့ဝမ်းနည်းမှုတွေကို အဆုံးမသတ်ပဲ တော်လှန်ရေးအတွက် ခွန်အားတစ်ခုအဖြစ်အသုံးပြုရပါမယ်။ သည့်အတွက်ကြောင့် ” ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ ” စာသားနဲ့အတူ ချင်အလံကိုပါ ကိုင်ဆွဲပြီး သပိတ်ထွက်ရှိခဲ့ခြင်းဖြစ်ပါတယ်” ဟု ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photos – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article