ရန်ကုန်၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး ယနေ့ နံနက်ပိုင်း
သပိတ်တွင် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသပိတ်ကော်မတီ၊ မုံရွာတော်လှန်လူငယ်များကွန်ယက်၊ မုံရွာလူငယ်အစည်းအရုံး၊ မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းကာ မုံရွာမြို့ ကျောက္ကာလမ်းမတွင် ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကချင်မြေကိုထိရင် ငါတို့အားလုံးနဲ့ငြိတာပါပဲ။ မြန်မာနိုင်ငံရဲ့ဘယ်နေရာကိုပဲထိထိ ငါတို့အားလုံးနဲ့ငြိတာပဲ။ ဖားကန့်ဖြစ်စဉ်မှာ ကျဆုံးသွားတဲ့ပြည်သူများနဲ့ထပ်တူဝမ်းနည်းကြေကွဲရတယ်။ ကချင်အလံကိုင်ဆောင်ကာ သပိတ်ထွက်ရှိခဲ့ခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။