28 C
Yangon

KNU တပ်မဟာ ၅ ထံ ဖာပွန်အခြေစိုက် စစ်သား ၂ ဦး လက်နက်နှင့်တကွ အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထံ အောက်တိုဘာလ ၁၈ ရက်တွင် ဖာပွန်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၄၀ တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

ခမရ ၃၄၀ မှ စစ်သားနှစ်ဦးသည် MA3 သေနတ် ၁ လက်၊ MA1 သေနတ် ၁ လက်၊ ကျည်ဆံ ၆၀၀ ခန့်နှင့် အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ ၅ က သိန်း ၄၀ နှင့် သိန်း ၂၀ ဆုငွေ ချီးမြှင့်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်တွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်ကောင်စီကို စွန့်ခွာကာ အလင်းဝင်လာသူများ များပြားလာကြောင်း KNU ထံမှ သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article