27 C
Yangon

ဗိုလ်မှူးကြီး ၂ ဦး၊ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၃ ဦး ၊ ဗိုလ်ကြီး ၁ ဦး၊ ရဲမှူး/ဒုရဲမှူး ၄ ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး၊ မြို့နယ်တရားသူကြီး ၁ ဦး စုစုပေါင်း ၁၃ ဦး အောက်တိုဘာတွင် သေဆုံး

Must read

စစ်တပ်မှ ဗိုလ်မှူး/ဗိုလ်ကြီး ၂ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁

ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၃ ဦး ၊ ဗိုလ်ကြီး ၁ ဦး၊ ရဲမှူး/ဒုရဲမှူး ၄ ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး၊ မြို့နယ် တရားသူကြီး ၁ ဦး စုစု ပေါင်း ၁၂ ဦး အောက် တိုဘာလတွင် သေဆုံးပြီး ဗိုလ်မှူး/ဗိုလ်ကြီး ၂ ဦး စစ် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရကြောင်း ရန်ကုန်ခေတ်သစ်၏ စာရင်းဇယားများအရ သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်း၊ ကျောက်ခက်ရွာအနီးတွင် ဗိုလ်မှူးကြီး ဝင်းမင်းဦး သည် ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ၊ စစ်တပ် တပ်မ ၄၄ လက်အောက်ခံ၊ အမှတ် ၄၄၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ၊ နိုင်ငံ တော် ကာကွယ်ရေး တက္ကသိုလ် NDC ဆင်း၊ DSA အပတ်စဉ် ၄၂ သည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းက စနိုက်ပါဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ဒုစခန်းမှူး ဗိုလ်မှူးကြီး ကျော်ဇင်လင်းသည် ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ၊ သေဆုံးသူသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံနှင့်တာဝန်ဌာန မှ ဖြစ်ပြီး သေဆုံးချိန်တွင်အသက် ၄၈ နှစ် အ ရွယ်ရှိကာ ရောဂါဖြင့်ပင် စစ်ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အောက် တိုဘာလ ၁၃ ရက်နေ့ နေပြည်တော်စစ်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း၊ သေ ဆုံးချိန်တွင် ဇနီးနှင့် သမီး ၃ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် လျှပ်စစ်မီ တာခများကို ဘဏ်သွား အပ်နှံသည့်ပုံစံ အယောင်ဆောင်ပြီး PDF များကို ဖမ်း ဆီးရန် ကြံစည်နေစဉ် PDF က ပစ်ခတ်သဖြင့် ဒုရဲမှူး ဇော်ဝင်း ပွဲချင်းပြီး သေ ဆုံးပြီး ဗိုလ်မှူး ဇော်ဇော်နိုင်မှာလည်း ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်း စဉ့်ကိုင်မှ ဗိုလ်မှူး ဇော်ဇော်နိုင်နှင့် ဒုရဲမှူး ဇော်ဝင်းတို့က PDF များကို ဖမ်းဆီးရန်အတွက် မီတာခများကို ဘဏ်သို့သွားအပ်နှံသည့်ပုံစံ အယောင်ဆောင်နေစဉ် PDF များက ၎င်းတို့ကားကို ဝင်ရောက်ပစ်ခတ်သဖြင့် ဒုရဲမှူး‌ဇော်ဝင်း ပွဲချင်းပြီး သေဆုံးပြီး စစ်တပ်ဗိုလ်မှူး‌ ဇော်ဇော်နိုင်မှာလည်း ဆေးရုံတွင် ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးသွားကြောင်းသိရှိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြောက်ပိုင်း နံသာတောင်နှင့် ငခူးရ ကြားရှိ လိပ်ရ စခန်းကို AAက သိမ်းပိုက်ခဲ့ရာတွင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးလည်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ခမရ ၄၂၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့် အရာရှိတစ်ဦးကို ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ၊ PSDA ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန် တွင် မူဆယ်မြို့ နယ်၊ ၁၀၅ မိုင်စီးပွားရေးဇုန်နယ်မြေတွင် စစ်ကောင်စီ ၏ တပ်မ (၉၉) လက် အောက် ခမရ ၄၂၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ ဗိုလ်ကြီး တစ်ဦးကို ရှင်းလင်းလိုက်​ကြောင်း ​ PSDA က ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို လာရောက်သွားခဲ့သည့် မင်းအောင်လှိုင် အတွက် လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို ဘီးလင်းမြို့တွင် KNU/KNLA ၊ PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ဒုရဲမှူး အောင်မြင့်စိုး သေဆုံးပြီး ဗိုလ်မှူးဖြိုးတေဇာထွန်း နှင့် ဗိုလ်ကြီးဖြိုးကိုကိုအောင်တို့ကိုဆေးကုသမှုခံယူနေခဲ့ရကြောင်း ပြောဆိုသည်။

အောက်တိုဘာ ၂ ရက်နေ့ ကရင်နီပြည်နယ်၊ လွိုင်ကော်ရှိ ခလရ ၁၄ ၏ ဒုတိယ တပ်ရင်းမှူးကို စစ်သားတစ်ဦးက ပြန်လည်ပစ်ခတ်သတ်ဖြတ် ခဲ့သည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းမှူး ရဲအုပ် စောနိုင်ဦး (ခ) ဗိုလ်စောကို ဒေကာကွယ်ရေးတပ်က ပစ်ခတ်ရှင်းလင်းရာမှ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မကွေးတိုင်း၊ မကွေးမြို့၊ ကားကြီးဝင်း၊ ယဉ်ထိန်းရဲရုံးတွင် ရဲမှူး စိန်ဝင်း တပ်ဖွဲ့မှူး တိုင်းယာဉ်ထိန်းရုံးကို သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦးသည် ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန် မူဆယ်မြို့နယ်တရားရုံးမှ ပြန်လာသော တရားသူကြီး ရာဇာမင်းစိုးသည် မူဆယ် မြို့လယ်ခေါင်တွင် သေ နတ်ဖြင့် ၄ ချက် အပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင်အရှင်ဖမ်းမိသော ခမရ ၃၅၈ မှ အရာရှိနှင့်စစ်သား ၁၆ ဦးတွင် ဗိုလ်မှူး အောင်ကျော်မင်း၊ ဗိုလ်ကြီးမြင့်မြတ်သူနှင့်အတူ ကလေးစစ်သား အသက် ၁၆ နှစ်အရွယ် တပ်သားပြည်စုံပါဝင်နေကြောင်း ၊ခမရ ၃၅၈ မှ စုစုပေါင်းအင်အား ၄၃ ဦးပါ စစ်ကြောင်းသည် KNU ၊ PDF မဟာမိတ် စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ် ပွားပြီးနောက် ၁၆ ဦးက လက်နက်ချကြောင်း၊ သေဆုံးသူ စစ်သား ၄ ဦးရှိပြီး စစ်သား ၂၃ ဦးမှာ လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွားကြကြောင်း ၊အရှင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများတွင် ဗိုလ်မှူး အောင်ကျော်မင်း၊ အသက် ၃၇ နှစ်၊ ဗိုလ်ကြီး မြင့်မြတ်သူ ၊ အသက် ၂၇ နှစ် ၊ ကလေးစစ်သား တပ်သား ပြည့်စုံတို့ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article