ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁
အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ၃၆၉ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၄ ရက် ပြင်သာတိုက်ပွဲတွင် ကျဆုံးခဲ့သော သူရဲကောင်းများနှင့် နိုင်ငံတဝန်းကျဆုံးခဲ့သည့် ပြည်သူ ၁၅၄၆ ဦးကို ပန်းခွေချ ဂုဏ်ပြုခဲ့ကြသည်။