35 C
Yangon

ယင်းမာပင်ရှိ ရဲတပ်ရင်း၂၈နှင့်အောင်ဇေယျစစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်၊စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းနှင့် ရဲတပ်ရင်း၂၈တို့ကို အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊RFFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပျောက်ကြားရဲဘော်တို့က ယနေ့နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်သည်။ရဲတပ်ရင်း၂၈နှင့်အောင်ဇေယျတပ်ကုန်း နှစ်နေရာကို မိုင်းလုံးစနစ်ဖြင့်အဓိကထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ရင်း၂၈နှင့်အောင်ဇေယျတပ်ကုန်းကို စစ် ကြောင်းဖြင့် ဝင်ရောက်လာသော စစ်ကောင်စီလက်အောက်ခံရဲတပ်သားများကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊မိုင်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား၁၀ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း၊စစ်ကူလာရောက်သည့် ၂၈တပ်ရင်းမှ ရဲတပ်သားများ ထပ်မံမိုင်းဆွဲခံရမှုကြောင့် ၄ ဦးသေဆုံးကြောင်း အမိမြေသတင်းထုတ်ပြန်ချက်အရသိရသည်။ စစ်တပ်က ယင်းတိုက်ခိုက်မှုအပြီး ယင်းမာပင်မြို့နယ်၊ အောင်မိုးကျေးရွာရှိ နေအိမ်များကို မီးဝင်ရှို့ကြောင်း သိရှိရသည်။အမိမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အခက်အခဲက ခရီးသွားပြည်သူတွေ အမြဲကူး​နေတော့ ပြည်သူထိမှာစိုးလို့ လွှတ်ပေးလိုက်ရတာရှိတယ်၊ပြည်သူထိမှာစိုးတာ အခက်အခဲက ၊ ပြည်သူမော်တော်ယဉ်ဘေး ကပ်လိုက်တာ”ဟု ပြောသည်။ (ချင်းတွင်းရိုးမသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)
ဓာတ်ပုံ- စစ်တပ်က ယင်းမာပင်၊ အောင်မိုးကျေးရွာကို မီးဝင်ရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article