24.6 C
Yangon

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရန် အချိန်ကာလသတ် မှတ်မည်ဖြစ်ပြီး နယ်ပယ် အားလုံးမှ သက်ဆိုင်သူများနှင့် အာဆီယံက မကြာမီ ထိတွေ့ဆက်ဆံမည်ဟု ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ကြေညာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို သတ်မှတ်အချိန်အတွင်း အကောင် အထည်ဖော် ရမည်ဟု အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်း အဝေးက ယနေ့ ဆုံးဖြတ်လိုက်ပြီး နယ်ပယ်အားလုံးမှ သက်ဆိုင်သူများနှင့် မကြာမီ အာဆီယံက ထိတွေ့ဆက်ဆံမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ် ပြန်သည်။

အာဆီယံအနေဖြင့် မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် ဘုံသဘောတူညီချက်များကို ဆက်လက် ကိုင်စွဲထားကြောင်း၊ သို့ရာတွင် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာတွင် အချိန်သတ်မှတ်မည်ဖြစ်ပြီး အချိန်သတ် မှတ်မှုကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက် အကောင် အထည်ဖော် ရန် ထိပ်သီးအစည်းအဝေးက တာဝန်ပေးအပ်ကြောင်း သိရှိရသည်။

အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်အားလုံးနှင့် မကြာမီ တွေ့ဆုံသွားမည်ဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ်က ကြိုတင်သတ်မှတ်ချက် မရှိသော၊ အလွတ်သဘောဖြင့် စတင်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုမရှိဟု ဆိုသော ဆုံးဖြတ် ချက်ကို ဆက်လက် အတည်ပြုပြီး လိုအပ်ပါက အခြား အာဆီယံ အစည်းအဝေးများအားလုံးတက်ခွင့်ပြု ၊ မပြုကို အာဆီယံညှိနှိုင်းဆောင်ရွက်ရေးကော်မတီက သုံးသပ်ဆုံးဖြတ် ဆောင် ရွက်ရန် တာဝန်ပေးအပ်ကြောင်း သိရှိရသည်။

မြန်မာ့အရေး ဘုံသဘောတူညီချက်ကို သတ်မှတ်အချိန်အတွင်း ဖြေရှင်း အကောင် အထည် မဖော်နိုင်ပါက နောက်ဆုံး ဆုံးဖြတ်ချက်ကို အာဆီယံထိပ် သီးအစည်း အဝေးက ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တင်းမာမှုနှင့် အကြမ်းဖက်မှု များကို လျှော့ချရန် တိုက်တွန်းပြီး မြန်မာစစ်တပ်သည် အကြီးမားဆုံးသော အင်အားရှိသည့်အဖွဲ့အစည်းဖြစ်ကြောင်း အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်ထားသည်။

အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာဖိတ်ခေါ်ကြောင်း၊ အာဆီယံ၏ ရှေ့ဆက်အစည်းအဝေးများတွင် ဖော်ပြပါ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ပြီး တိုးတက်မှုများကို အစီရင်ခံနိုင်ရေးအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို လုပ်ပိုင်ခွင့် တာ၀န်ပေးအပ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်း အဝေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article