ရန်ကုန်၊ နိုဝင်ဘာ ၁၃
တောင်ကိုရီယားနိုင်ငံတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ တော်လှန်ရေး ရန်ပုံငွေ ရရှိရေး ဆောင်းရာသီ ဘောလုံးပြိုင်ပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲများကို မြန်မာဘောလုံးအသင်းများနှင့် NUG ကိုယ်စားလှယ်ရုံး တို့ ပူးပေါင်း စီစဉ်သည့် ပထမအကြိမ် NUG ကိုယ်စားလှယ်ဖလားတော်လှန်ရေးရန်ပုံငွေ ဆောင်းရာသီ ဘောလုံးပြိုင်ပွဲတွင် NUG စိုးရ၏ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်များဝန်ကြီးဌာန၏ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်များအကြမ်းဖက်မှုရပ်တန့်ရေး အဖြူရောင်ဖဲကြိုး ကမ်ပိန်း လုပ်ရှားမှုများ အပါအဝင် စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်သံ နှင့်အတူ အခမ်းအနား ဖွင့်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။
ယင်း ဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ရှီဟွန်းမြို့ ဟွီမန်းပန်းခြံဝန်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်နေခြင်းဖြစ်ကာ တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်သည့် One Day Challenge လုပ်ရှားမှု နှင့် NUG အစိုးရမှ ရောင်းချသည့် EOD နှင့် Bond များရောင်းချခြင်းနှင့် အခြား ထောက်ပံ့ရေး ကံစမ်းမဲ လက်မှတ်များ ရောင်းချခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို တောင်ကိုရီယားဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း အပါအဝင် တောင်ကိုရီယား ဒီမိုကရက်တစ်ပါတီ အမတ် Moon Jeong-bok၊
Siheung မြို့တော်ကောင်စီဥက္ကဋ္ဌ Song Mi-hee ၊
Siheung City Council အဖွဲ့ဝင် Kim Soo-yeon ၊
Siheung City Council အဖွဲ့ဝင် So-Young Park နှင့်
မြန်မာဒီမိုကရေစီကွန်ရက် အမှုဆောင်အရာရှိချုပ် Jeong Beom-rae တက်ရောက်ခဲ့ကြကြောင်း သိရသည်။