27 C
Yangon

ရန်ကုန်တွင် တော်လှန်လူငယ် Demon အဖွဲ့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရန်ကုန်တွင် အကြမ်းဖက် စစ်တပ်က လုံခြုံရေး တင်းကြပ်ထားသော်လည်း တော်လှန်လူငယ် Demon မှ “ဥပဒေကိုစစ်ကျွန်ပြုထားသရွေ့ ဘယ်တော့မှတရားမျှတမှု ရှိမှာမဟုတ်ဘူး” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တော်လှန် လူငယ် Demon မှ ယခုစစ်ခွေးအာဏာသိမ်းထားသည့် နှစ်များတွင် အာဏာသုံးပြီးမတရားသဖြင့် ဥပဒေကို စစ်ကျွန်ပြု၊ ကြိုးကိုင်ထားသည့် အချိန်တွင် တရားမျှတမှုသည် ပျောက်ဆုံးသွားပြီး၊ မတရားမျှတမှုသည်သာ သင့်ထံသို့ တစ်ချိန်ချိန် ရောက်လာမည်ဖြစ်​ပြီး မတရားသဖြင့် ပြုမူခံရချိန်တွင် အာဏာရှင်အောက်ဆွဲများ တရားသူကြီးမှတဆင့် တရားမျှတမှုကို သင်ရလိမ့်မည်မဟုတ်​​ကြောင်း ထိုသို့သော ယုတ်မာ‌ပြီး ကောက်ကျစ်ကာ လာဘ်စား၊ လာဘ်ထိုးနေရသည့် ကာလများဖြင့်သာ ကြုံတွေနေရလိမ့်မည်၊ သူခိုးသူဝှက်တို့ကို သင်တို့ကိုယ်တိုင်ဖမ်းနေလင့်ကစား ထိုသူခိုးသူဝှက်များမှ နောက်နေ့တွင် သင့်ကိုဒုက္ခပေးနိုင်သည့် ဒလန်များ၊ ထပ်မံဒုက္ခပေးနိုင်သည့် သူခိုး၊ သူဝှက်များအဖြစ် သင့်ပတ်ဝန်းကျင့်ထံသို့ ပြန်ရောက်လာလိမ့်မှာ ဖြစ်​တယ်” ဟု တော်လှန်လူငယ် Demon အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထိုသို့သော မတရားမှုများကို သင့်ကိုယ်တိုင်စီရင်သောအားဖြင့် ယခုကဲ့သို့အခြေအနေ ၊ မတရားအာဏာသိမ်းထားသည့် ကာလများကို အမြန်ပြီးဆုံးအောင် ပါဝင်တော်လှန်သင့်ကြောင်းကို သွေးအေးနေသူများ၊ ကြားနေပြည်သူများသို့ တေ်လှန်လူငယ် Demon မှ ” ဥပဒေကိုစစ်ကျွန်ပြုထားသရွေ့ ဘယ်တော့မှတရားမျှတမှု ရှိမှာမဟုတ်ဘူး ” စာတန်းဖြင့် စကားပါးအပ်ခြင်းဖြစ်သည်ဟု တော်လှန်လူငယ် Demon အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article