25 C
Yangon

လွိုင်ကော်၊ ဝက်လက်၊ မတ္တရာနှင့် ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၈ ဦးသေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၈ ဦးသေဆုံးကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

လွိုင်ကော်တွင် ရိက္ခာလာပို့သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ စစ်တပ် ခြေကုပ်စခန်းသို့ အရပ်ဝတ်ဖြင့် ရိက္ခာလာပို့သည့် စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး အရာရှိ တစ်ဦးအပါအဝင် ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် လောပိတမြို့ ရှိ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းတစ်ခုကို လက်နက်အပြည့်အစုံဖြင့် အရပ်ဝတ်များ ဝတ်ဆင်ကာ ရိက္ခာလာပို့သည့် စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းသည် လောပိတမြို့၊ ဘီလူးချောင်းအနီးတွင်ရှိပြီး လောထော်တောင်ပေါ်စခန်းကို ရိက္ခာပို့ရန် ရောရှိလာစဥ် KNDF B (10) မှ ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ လောပိတမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ကူပေးခဲ့သောကြောင့် စစ်သား ၂ ဦး လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ခိုက်မှု အတွင်း MA-1 အမျိုးအစား သေနတ် (၁)လက် ၊ ကျည်ဘောက် (၄) ခု ၊ ကျည်ဆံအချို့နှင့် ဖုန်း (၁)လုံးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း KNDF B 10 မှ ထုတ်ပြန်ထားသည်။

ဝက်လက်တွင် စစ်တပ် စစ်ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို မီးရှို့သွားသော စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာတွင် လူသတ် မီးရှို့ဖျက်စီးပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျားသစ်နက် ပျောက်ကျားတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့များ ပူပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ကျားသစ်နက် ပျောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မတ္တရာတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၉ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောကြီးမြွေပွေး တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကြီးမြွေးပွေး တပ်ဖွဲ့နှင့် ဒေါင်းစစ်သည် (ရွေဘိုခရိုင်အမှတ် ၁၇ တပ်ရင်း)တို့မှ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ရုပ်ဆိုင်ရွာ ရိုးမအစပ်ထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ က ပထမအကြိမ် ပဒေသာမိုင်း ၆ လုံး ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီခန့်တွင် ဒုတိယအကြိမ် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ က မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း အပြင်းအထန် ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article