28 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လူငယ်များမှ ဦးဆောင်ကာ NUG အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် မေးခွန်းထုတ် ဆန္ဒပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တော်လှန်လူငယ်များမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် NUG အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် မေးခွန်းထုတ်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်နေမှုများ ကြန့်ကြာနေမှုများ အပေါ် “ဖြေးဖြေးနှေးနှေးအေးဆေးပဲလား?” ဟု စာတန်းကို ကိုင်ဆောင်ကာ မဲဆောက်မြို့တွင်ပြုလုပ်ခဲ့ပြီး အဆိုပါစာတန်းအား မဲဆောက်စျေး နှင့် အထက်တန်းအလွှာများနေထိုင်ကြသည့် မဲဆောက်ဗီလာတွင် စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီလိုလုပ်တာ ပေါပေါပဲပဲ လုပ်တာမဟုတ်ဘူး၊ပြည်သူလူထု ဒုက္ခရောက်နေတဲ့အချိန်မှာ ပြည်သူလူထုအတွက် ပိုပြီးလုပ်အားပိုထုတ်သင့်တယ် ၊ တော်လှန်ရေးကို မေ့မေ့ပျောက်ပျောက်မနေသင့်ဘူးဆိုတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို လုပ်ဆောင်တာဖြစ်ပါတယ်”ဟု ယင်းလှုပ်ရှားမှုတွင်ပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုကြောင့် ဒလန်ဟုစွပ်စွဲခံရနိင်သည့် အခြေအနေကို ကြိုတင်သိရှိပြီးဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တော်လှန်ရးအပေါ်အာရုံစိုက်မှု လျှော့နည်းလာခြင်းကို မြင်တွေ့ကြားသိနေရသည့်အတွက် အပြုသဘာဆောင်သည့် ထောက်ပြဝေဖန်မှုပြုရခြင်းဖြစ်ကြောင်းလည်း အထက်ပါလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်များကပြောသည်။

NUG အစိုးရအနေနှင့် ပြည်သူ့အလှူငွေတွေကို မလိုလားအပ်တဲ့ ဝန်ကြီးဌာနများတွင် မသုံးစွဲဘဲ တော်လှန်ရေးအတွက်ပဲ တိုက်ရိုက် အသုံးပြုစေလိုကြောင်း၊ တော်လှန်ရေးကြောင့် ပြည်သူတွေမလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတာတွေများနေကြောင်း၊ ထိုဖြစ်စဥ်များပေါ်တွင် တာဝန်အရှိဆုံးသည် NUG အစိုးရလို့ မြင်မိကြောင်း လှုပ်ရှားသူ တစ်ဦးမှ ဆက်လက်ပြောဆိုသည်။

Photo By Hein Aung(photo Da Na) and Other

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article