ရန်ကုန်၊ နိုဝင်ဘာ ၁၉
ယင်းမာပင် ဆားလင်းကြီးရှိ ကျေးရွာအချို့ရှိ ပြည်သူများ စုပေါင်း၍ “စစ်တပ်စီးပွားရေးထောက်တိုင်မှန်သမျှ လူထုအားနဲ့ ဖြိုဖြတ်ကြ” စာတန်းကိုင်စွဲကာ နွေဦးတော်လှန်ရေးအမြန်အောင်ပွဲရရှိဖို့ စစ်တပ်ထောက်တိုင်တခုဖြစ်တဲ့ တပ်ပိုင်စီးပွားရေးများကို ဝိုင်းဝန်းဖြတ်တောက်ကြဖို့ တောင်းဆိုရင်း ဆန္ဒပြခဲ့ကြပါတယ်။