26.8 C
Yangon

အမေရိကန် ပြည်ထောင်စု၊ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး တရားဝင်ဖွင့်လှစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုင်ငံခြား ရေးဝန်ကြီးဌာနရုံး တရားဝင်ဖွင့်လှစ်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့) တွင် အမျိုးသား ညီညွတ် ရေး အစိုးရ NUG နိုင်ငံ ခြား ရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဝါရှင်တန်ဒီစီမြို့တွင် ဖွင့်လှစ်ထားရှိသည့် အဆိုပါ ရုံးကို မြန်မာ Community နှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့လည်း တက်ရောက် ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုရှိ မြန်မာ Community ကလည်း တက်ရောက်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article