23 C
Yangon

ကနီမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နွေဦး တော်လှန်ရေး သပိတ်အင်အားစု (ကနီမြို့နယ်)မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် “အမှန်တကယ်ပြောင်းလဲဖို့ ဒေသန္တရစနစ်များချိန်းစို့”၊ ကနီမြို့နယ် သပိတ်စစ်ကြောင်း ဘန်နာ စာသားများ ကိုင်ဆောင်ခဲ့ကြောင်း၊ သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောခဲ့ကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခြင်း ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article