ရန်ကုန်၊ နိုဝင်ဘာ ၂၄
မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် “တော်လှန်ရေးဟာ အဆုံးထိသွားရမှာမို့ ကျန်းမာဖို့ အသက်ရှည်ဖို့ ဂရုစိုက်ကြပါ အဖြစ်မလုပ်ဘဲ အလုပ်ဖြစ်အောင်သာ ကြိုးစားကြပါ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။