32 C
Yangon

ဖောင်းပြင်၊ စေတာရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်ခတ် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်၊ ၊ ချီပါတောင်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အိမ်မွေးတိရစ္ဆာန်များ သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ စေတာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၁ ဦးကို ပစ်ခတ် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖောင်းပြင်မြို့နယ် စေတာကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ခန့်က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုအေးမင်းသူ ကို ပစ်ခတ် ဖမ်းဆီးပြီး နေအိမ်အတွင်း ပိတ်လှောင်ကာ မီးရှို့ သတ်ဖြတ်ခဲ့​သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံးလည်း ပြာကျခဲ့ကြောင်း သိရသည်။

“ကျေးရွာထဲမှာရှိတဲ့ ဦးတင်အောင်နဲ့ ဒေါ်ခင်သန်းတို့ နေအိမ်ကို PDF တပ်ဖွဲ့ဝင် ရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ သေနတ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်တယ်။ နေအိမ်ထဲမှာရှိတဲ့ ကိုအေးမင်းသူက အိမ်ပေါ်ကနေ ခုန်ချ ထွက်ပြေးတဲ့အချိန် ဝိုင်းဝန်း ပစ်ခတ်ပြီး ထိခိုက်ဒဏ်ရာရရှိချိန်မှာ အိမ်ထဲပစ်ထည့်ပြီး အိမ်ပါ မီးရှို့သွားတယ်။ မိသားစုဝင်တွေကတော့ အိမ်မှာ မရှိလို့ လွတ်မြောက်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

စေတာကျေးရွာအတွင်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော ပျူစောထီးအဖွဲ့တွင် ဆိပ်ဆားရွာမှ ဆန်းလင်းမောင်၊ နေလင်းဦး၊ သန်းလွင်၊ အေးချို၊ နေလင်းထွန်း၊ ဖိုးအဲ၊ ဖိုးချို၊ ဉာဏ်ဌေးလင်း၊ သောင်းဟန် နှင့်မိုးကျော်တို့ ပါဝင်ကြောင်း ဒေသခံ ပြည်သူများက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အိမ်မွေး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၁၅ ဦးခန့်က ချီပါတောင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ညနေ ၅ နာရီလောက်မှာ ချီပါတောင်ရွာ နေအိမ်တစ်လုံးထဲသို့ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတယ်။ ချီပါတောင်ရွာ ကတ္တရာလမ်းပေါ်ကနေ သင်္ချိုင်းထဲကို ဖြတ်ပြီး ရွာထဲကို ဝင်လာကျတာ သေနတ်တွေလဲ ရမ်းပစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ အိမ်မွေး တိရစ္ဆာန် ၁ ကောင် သေဆုံးတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article