32 C
Yangon

ဒီပဲယင်း၊ မူးရိုးကုန်းရွာရှိ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာ မှ ပြည်သူ ၂၇ ဦးကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးရိုးကုန်းကျေးရွာရှိ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မူးရိုးကုန်းရွာကို ဝင် ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းကို မီးရှို့ ဖျက်ဆီးသွားကြောင်းသိရသည်။

” စစ်ခွေးတွေက ရွာကို စဝင်တာနဲ့ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို တန်းသွားပြီး မီးရှို့တော့တာ။ရွာထဲက နေအိမ် တစ်လုံးကိုလည်း မီးရှို့ သွားတယ်လို့ ပြောတယ်။ ကျေးရွာထဲက ပြည်သူ ၁ ဦးလည်း ဖမ်းဆီးခံရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်းမှ ပြန်လည် မထွက်ခွာမီ ပြည်သူပိုင် နေအိမ် ၁ လုံးကို လည်း မီးရှို့ ဖျက်ဆီးသွားပြီး ကျေးရွာနေပြည်သူ စိတ်ရောဂါ ခံစားနေရသည့် ကိုညီထွေးကို လည်း ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်နှင့်် ခင်ဦးမြို့နယ်အစပ်ရှိ တာတိုင်ကျေးရွာမှ ပြည်သူ ၁၅ ဦးဖြစ်သည့် ကိုမောင်ဦး၊ ကိုရဲကို၊ ကိုဉာဏ်လွင်၊ ဦးစော၊ ကိုနေဇင်၊ ကိုဖိုးရှမ်း၊ ကိုမျိုးသူ၊ ကိုဟိန်းသူရ ကျော်၊ ကိုသိန်းသန်းဝင်း၊ ကိုမောင်ဖြိုး၊ ကိုမဲ၊ မောင်ထွန်းနိုင်ဦး(၁၃)နှစ်၊ မင်းခန့်ကျော်၊ ဦးမန်း၊ ဦးကျော်လင်းတို့ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ သပွတ္တောကျေးရွာမှ ပြည် ၁၁ ဦးဖြစ်သည့် ကိုအောင်မြင့်သန်း၊ ကိုသန်းစိုး၊ ကိုသီဟ၊ ကိုဖိုးသက်၊ ကိုဇွဲမန်လင်း၊ ကိုကျော်မိုးထွန်း၊ ကိုချိုလင်း၊ ကိုမိုးလုံ၊ ကိုဇော်မာ၊ ကိုဇော်ထွန်းဝင်းနှင့် ကျောက်ဒိုးတို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒီပဲယင်း မြို့နယ် ညီနောင်များ အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article