30 C
Yangon

ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ဖျက်ဆီး မီးရှို့မှု နေအိမ် ၂၄ လုံးပြာကျ၊ စစ်ကြောင်းများစွာ ထိုးစစ်ဆင်လာ၍ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာကို အင်အား ၁၀၀ ခန့်ပါသော ခြေ မြန် တပ်ရင်း ၃၉၆ နှင့်ပျူစောထီးပူးပေါင်းအဖွဲ့က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ဒီဇင် ဘာ လ ၅ ရက် နံနက်ပိုင်း တွင် တတိယ အကြိမ် မြောက် ဝင်ရောက် မီးရှို့ ဖျက် ဆီးခဲ့သဖြင့် နေအိမ် (၂၄)လုံးပြာကျသွားကြောင်း ကျွန်း လှ-ကန့်ဘလူ တက် ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

“အခုထိတော့ ပြည်သူတွေ ရွာထဲမဝင်ရဲသေးဘူး။ စစ်ကြောင်းက ချပ်သင်းကြီး ရွာဘက်မှာဆိုတော့ သိပ်မဝေးတာရောကြောင့် ပြန်လှည့်လာမှာ စိတ်ပူ ကြ တာပါ၊ စခတွေက မိုင်းတွေလဲ ထောင်ထား တတ်တာမို့ မဝင်ရဲကြတာပါ၊ ၃/၄ ရက်လောက်နေမှ ပြန်ဝင်နိုင်ကြမှာဗျ၊ တိုက်ပွဲမရှိပဲနဲ့ကို ဒီအတိုင်း ပတ်ရှို့ နေတာ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ရန်ကုန် ခေတ်သစ်သို့ ပြောသည်။

အဆိုပါ ပင့်သာရွာသည် အိမ်ခြေ ၆၃၅ လုံးရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့က ပထမအကြိမ်မီးရှို့ခံရမှုတွင် နေအိမ် ၃၅ လုံး၊ နိုဝင် ဘာလ ၁၃ ရက်နေ့က မီးရှို့ခံရမှုတွင် နေအိမ် ၃၆ ဆုံး ပြာကျဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပင့်သာရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစော ထီး များသည် ဒီဇင်ဘာလ ၄ ရက်နေ့က ချောင်းကြားရွာကို ဝင်ရောက် မီးရှို့ပြီး နောက် ပင်သာရွာအတွင်းသို့ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အနီးအနားရှိ ကျေးရွာ နေပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ် ကောင် စီ စစ်ကြောင်းမှာ ချပ်သင်း ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် တန့်ဆည်နယ် ပုတီးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ဒီဇင်ဘာ ၆ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ်ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၊ ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် အင်တိုင်းရွာအား လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်‌ဝင်ရောက်နေကြောင်း၊ အဆိုပါ စစ် ကြောင်း၏ ထိုးစစ်ကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ ပေါယော၊ညောင်ကိုင်း၊မြင်သာ၊သရက်တထောင်နှင့် အင်တိုင်းရွာမှ ပြည်သူထောင်နှင့်ချီပြီး အိုးအိမ် စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပင့်သာရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီး မှုတွင် အကြမ်း ဖက်စစ် ကောင်စီတပ်ဖွဲ့၏ မြေမြှုပ်မိုင်းထောင်ထားခဲ့မှုကြောင့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက် တစ်ဖက် ပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article