32 C
Yangon

PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခုဖြင့် ထူထောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် စစ်တိုင်း ၃ ခု၊စစ်ဒေသ ၃ ခုဖြင့် စစ်ဒေသမှူးများ အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များက တာဝန်ယူ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခု၊ စစ်တိုင်း ၃ ခု၊ စစ်ဒေသ ၃ ခုဖြင့် ထူထောင်ပြီး စစ်ဒေသမှူးများအဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များမှ စစ်ဘက် ခေါင်း ဆောင်များက တာဝန်ယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က တရားဝင် အသိပေးမိန့်ခွန်းပြောဆိုသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် PDF စစ်ရုံးချုပ်ကို ​အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင် ဖွဲ့စည်းထူ​ထောင်ခဲ့ပြီး ဖြစ်သော အသိ​ပေးညွှန်ကြားချက် တစ်စောင်ကို ဝန်ကြီးဌာနက ရဲ​ဘော်များထံ ဖြန့်​ဝေ​ပေးပို့ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်မှာ ဌာနကြီး (၅) ခု ပါဝင်ပြီး၊ ၅​ ချောင်း​ထောက်ပုံစံဖြင့် ဖွဲ့စည်းထားကြောင်း၊ ဌာနကြီး ၅ ခုအနေဖြင့်-

(၁) စစ်ဆင်​ရေးဌာန
(၂) စစ်​ထောက်လှမ်း​ရေးဌာန
(၃) စစ်​ရေးဌာန
(၄) စစ်​ထောက်ဌာန
(၅) ပြည်သူ့လုံခြုံ​ရေးဌာန တို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

ဌာနအလိုက် ဌာနခွဲများ ပူး​ပေါင်းပါဝင်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်​​ပေး​ဆောင်ရွက်သည့် အထူး ရုံးများလည်း ပါဝင်ကြောင်း၊ စစ်​ကောင်စီကို စွန့်ခွာပြီး ပြည်သူနှင် ပူး​ပေါင်းလာသည့် CDM အရာ ရှိနှင့် ရဲ​ဘော်များက ကျွမ်းကျင်မှုနှင့် အ​တွေ့အကြုံ​အပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲ​တွေမှာ ပါဝင်တာဝန်ထမ်း​ဆောင်​နေကြပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အသိပေး မိန့် ခွန်း တွင် ပြောဆိုထားသည်။

PDF တပ်မ​တော်တွင် စစ်ရုံးချုပ်၊ ​မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ ​တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခုဖြင့် ​မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီ ဖြစ်ကြောင်း၊ တပ်မ​တော်တစ်ရပ်၏ ဦး​ရေး​ထောက် လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနှင့် ​မြေပြင် တပ်ရင်းတပ်ဖွဲ့ များအကြား ပုံမှန်ဆက်သွယ်​ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ထို့ပြင် အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသား​​​တော်လှန်​ရေးအဖွဲ့များ ပူး​ပေါင်းဖွဲ့စည်းသည့် စစ်​ဒေသ ၃ ခု ရှိနေပြီး စစ်​ဒေသမှူးများအဖြစ် မဟာမိတ် EROs များ၏ စစ်ဖက်ထိပ်တန်း​ခေါင်း​ဆောင်များ တာဝန်ယူထားကြောင်း၊ စစ်ဆင်​ရေး​ဆောင်ရွက်သည့် အခါ စစ်​ဒေသမှူးများဦး​ဆောင်သည့် စစ်​ဒေသကွပ်ကဲ​ရေး တာဝန်ရှိသူအဆင့်ဆင့်၏ ဦး​ဆောင် ကွပ် ကဲမှုကို ခံယူကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

PDF စစ်ရုံးချုပ် သည် Chain of Command တည်ဆောက်မှုတွင် ပိုပြီး စနစ်တကျရှိလာပြီဖြစ်ပြီး စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့် ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီ အစဥ် များသည် ဗျူဟာမြောက် ပိုပြီး ထိရောက်အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် စည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာခြင်းသည် PDF တပ်မတော်၏ ဂုဏ် ဖြစ်ကြောင်း၊ PDF တပ်မတော်၏ အနာဂတ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တရားဝင် အသိပေးမိန့်ခွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article