29 C
Yangon

“ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ” ခေါင်းစဥ်ဖြင့် ချောင်းဦးမြို့နယ် လူငယ် သပိတ် အင်အားစုများ သရုပ်ဖော် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

ချောင်းဦးမြို့နယ် လူငယ် သပိတ် အင်အားစုများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း “ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ” ခေါင်းစဥ်ဖြင့် သရုပ်ဖော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းအရ လူသားတိုင်းသည် မိမိတို့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့်ရှိရမည့်အစား မတရားဖမ်းဆီး၍ သေဒဏ်ချမှတ်ခြင်းသည် ထိတ်လန့်ဖွယ်ရက်စက်ယုတ်မာမှုတစ်ခုသာဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လက်နက်မပါဘဲငြိမ်းချမ်းစွာလှုပ်ရှားဆောင်ရွက်နေကြသော သပိတ်အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများနှင့် ပြည်သူလူထုကို ရက်စက်စွာသတ်ဖြတ်ပြ၍ အကြောက်တရားရိုက်သွင်းလျှက်ရှိကြောင်းနှင့် မတရားဖမ်းဆီး၍ သေဒဏ်ချမှတ်ခံရသော ညီနောင်တက္ကသိုလ်ကျောင်းသားများနှင့်အတူ ကျွန်ုပ်တို့ ရပ်တည်သည်။ လက်နက်အားကိုးဖြင့် လူတစ်ဦးချင်းစီကိုဖမ်းဆီးကာ မတရား သေဒဏ်ပေး၍ရသော်လည်း ကျွန်ုပ်တို့၏ယုံကြည်ချက်ကို သေဒဏ်ပေး၍ မရကြောင်း ချောင်းဦးမြို့နယ်လူငယ် အင်အားစု သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article