ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ် ကွက် အုပ် ချုပ်ရေးမှူး စိန်ဝင်းကို ယနေ့ ဒီဇင် ဘာလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မန္တလေးမြို့ ပြပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် စိန်ဝင်းသည် ၎င်းနေအိမ် ရှေ့၌ ဖွင့်လှစ်ထားသော မာလာဟင်းဆိုင်တွင် ရှိနေ ချိန် ၃၆ လမ်းအတိုင်း အရှေ့ဘက်မှ အနောက် ဘက် သို့ မောင်းနှင်လာသော ဆိုင်ကယ်စီး လူနှစ်ဦးက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းများကို ပိတ်ဆို့ စစ်ဆေးပြီး လမ်းသွားလမ်း လာ ပြည်သူများကို ဆဲဆိုခဲ့ကာ အနီးအနားရှိ CCTV များကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ် တိုက်ခိုက်မှုကို မန္တလေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့ – Special Task Force – STF – MDY မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး STF-MDY အဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပစ္စည်းဝယ်ရန် အခက်အခဲ ရှိသဖြင့် မိဘပြည်သူများအနေဖြင့် နေသာသလို မနေကြဘဲ ကူညီပေးပါရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထားသည်။