32 C
Yangon

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်မရ၊ ကြည့်မြင်တိုင်မှ စစ်ကားဖြင့်တိုက်ဖမ်းခံရသော ဆန္ဒပြသူတစ်ဦး အာရုံကြောမျှင်ပျက်စီးပြီး ဝေဒနာခံစားနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ အပါ အဝင် အကျဉ်းသားများသည် ဆေးကုသခွင့်မရဘဲ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းတွင် စစ်ကားဖြင့် တိုက်ဖမ်းခံရသူတစ်ဦးသည် အာရုံကြောမျှင်များ ပျက် စီးကာ ဆေးကုသခွင့် လိုအပ်နေကြောင်း အကျဉ်းထောင် အတွင်းမှ နိုင်ငံရေး အကျဉ်သား တစ်ဦး ပေးပို့သည့် စာအရ သိရသည်။

“ကြည့်မြင်တိုင် သပိတ်မှာ ကားနဲ့တိုက်ဖြိုခွင်းရပြီး ဖမ်းခံရတဲ့ သူကိုလည်း စစ်ကြောရေးမှာ ရိုက်နှက် စစ်ဆေးပြီးနောက် ဦးခေါင်းခွံ ဓာတ်မှန် ရိုက်ကြည့်တဲ့အခါမှာ နံပါတ်တုတ် အရာပေါ်နေပြီး တုတ်အရာအောက်မှာ ရှိနေတဲ့ အာရုံကြောမျှင်တွေ ပြတ်တောက်တဲ့ ဒဏ်ကြောင့် ခေါင်းကိုက်ပြီး နှာခေါင်း သွေးလျှံတဲ့ အတွက်ကြောင့် ပြင်ပဆေးရုံမှာ ဆေးကုသခွင့် ပေးရန်နှင့် ဒဏ်ရာအခြေအနေ ကိုလည်း ဆေးစစ်ကြည့်ဖို့ လ်ုအပ်နေတဲ့ အနေအထားပါ” ဟု အဆိုပါ နိုင်ငံရေး အကျဉ်းသား တစ်ဦး ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

အလားတူ အကျဉ်းထောင်အတွင်း သွေး ရုတ်တရက် ဆောင့်တက်ပြီး လေတခြမ်းဖြန်းသကဲ့သို့ ဖြစ်နေသူကို အပြင်ဆေးရုံ၌ ဆေးကုသခွင့် တောင်းခံစာ တင်ထားသော အချိန်ကာလတွင် လိုအပ်သည့် ဆေးကုသ စောင့်ရှောက်ခွင့် မပေးဘဲ လက်ရှိချိန်ထိ ထောင်ဆေးရုံ၌ စောင့်ကြည့် အနေအထားဖြင့် ထားထားကြောင်း၊ မည်သည့် ကုသမှုမှ ထိထိရောက်ရောက် မလုပ်ပေးသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသား တစ်ဦးသည်လည်း စစ်ကြောရေးကို အပို့ခံရပြီး စစ်ဆေးမေးမြန်းနေသည့် တောက်လျှောက် နှိပ်စက် ခံထားရသော ဒဏ်ရာများကြောင့် အာရုံကြောထိခိုက်သွားကာ မကြာခဏ သတိလစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ခပ်စိပ်စိပ် သတိလစ်ပြီး အတူနေသည့် သူများ အစပိုင်းတွင် သတိထား စောင့်ကြည့် ပေးနေရင်းမှ ၁၅မိနစ်၊ မိနစ် ၂ဝ အထိ သတိလစ်သွားရာမှ ယခုနောက်ပိုင်းတွင် မိနစ် ၃ဝအတွင်း ၂ကြိမ်ခန့် သတိလစ်လာနေကာ သတိလစ်သွားတိုင်း ဆေရုံးကို ပို့လိုက်ပေးရန်သော်လည်း လိုအပ်သည့် ဆေးကုသမှုနှင့် ဆေးဝါး မရှိသည့် အနေအထားဖြစ်နေကြောင့် အဆိုပါ ပေးပို့စာတွင် ပါရှိသည်။

” ဒီဖြစ်စဉ် ၃ခု ကျွန်တော်တို့ မျက်စိရှေ့မှာ ဖြစ်သွားတာမို့လို့သာ အခြေအနေဆိုးဝါးတာကို သိရတာ ကျွန်တော်တို့ မသိလိုက် မမြင်လိုက်ပဲနဲ့ ဒီလိုမျိုးတွေ အလားတူ ဖြစ်ရပ်တွေဟာ ဘယ်နှခုလောက်ရှိနေကြမလဲ။ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်နေတာက ထောင်အာဏာပိုင်နဲ့ လက်ရှိ စစ်ကောင်စီရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေကို မီးမောင်းထိုးပြနေတဲ့ သက်သေတွေပါ ကျွန်တော်တို့ အခုလိုတောင်းဆိုရခြင်းက ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားတွေအတွက် တင်မဟုတ်ဘဲနဲ့ အခြားသော အမှုတွေနဲ့ ဒီထဲရောက်နေတဲ့ အကျဉ်း သားတွေအတွက်ပါ အခုလို ပြောပြရခြင်းဖြစ်ပါတယ်။ တနိုင်ငံလုံး အနေအထား မဟုတ်တဲ့ အခုလို တစ်နေရာတည်းမှာတောင် ဒီလိုဖြစ်ရပ်မျိုးတွေရှိနေတဲ့အချိန်မှ တခြားသော နေရာတွေလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ရှိနေတဲ့အတွက် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများနဲ့ တခြားသော အဖမ်းဆီးခံ အကျဉ်းသားများအတွက်ပါ လက်ရှိ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးကုသခွင့်နဲ့ ဆေးဝါး အထောက်အပံ့တွေကို ပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကူအညီ တောင်းချင်ပါတယ်” ဟု အဆိုပါ နိုင်ငံရေး အကျဉ်းသား တစ်ဦး ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိချိန်တွင် အကျဉ်းထောင်များအတွင်း လုံလောက်သည့် ဆေးကုသခွင့်နှင့် ဆေးဝါး အကူ အညီများ အရေအပေါ်လိုအပ်နေကာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်းရှိနေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article