34 C
Yangon

စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၂၃ ဦးသေဆုံး

Must read

စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၂၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကနီမြို့နယ်၊ မန္တလေး၊ မတ္တရာမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၂၃ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မင်းကင်း၊ ကျော်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး

===============================

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၁၄ ဦး သေဆုံးခဲ့ကြောင်း မင်းကင်း PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မင်းကင်းမြို့နယ်၊ ကျော်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်များကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်တိုက်ခိုက်ရာတွင် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက် လုပ် တစ်တောင့်ထိုးများနှင့် မောင်းပြန်ရိုင်ဖယ် အနည်းငယ်၊ တာဝေးပစ် တူမီးကြီးများဖြင့် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျူစောထီး ၊ စစ်သား ၁၄ ဦးသေဆုံးပြီး သေနတ်များအပါအဝင် ကျည်များ ၊ စကား ပြောစက်နှင့် အခြားစစ်အသုံးအဆောင်များလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးရော၊ ပျူခွေးတွေရောပဲ၊ ပျူစောထီးတွေရဲ့ရွာကြီးပေါ့၊ ရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ တော့ မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ပျူတွေနေထိုင်ကြတာဆိုတော့ စခန်းနဲ့ရွာကခွဲမရဘူးလေ။ မျက်မြင် သေတာ ၁၄ ဦးပါ၊ ကျန်တာတော်တော်များမယ်။ ရွာကြီးထဲဆိုတော့ ထိတာတော့ရှိမှာပေါ့” ဟု မင်းကင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းကင်းအခြေစိုက် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ နှင့် မဟာမိတ် ရွှေတြိဂံ တပ်ရင်း၊ K2 ၊ နယ်မြေခံ ပကဖ အဖွဲ့များပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပေါင်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတွင် စစ်တပ် စစ်ကြောင်းကို အကြမ်းဖက် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

==================================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အဖြူ ရောင် (KPY) တပ်ဖွဲ့မှထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ပြင်ဘက်မှ စတင်ဝင်ရောက်လာပြီး အမှတ် ၁၁ လက်တန်း မူးဘောင်ပေါ် အရောက်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပဒေသာမိုင်း ၅ မိုင်းလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို ကျောပိုးသယ်ကာ ပုဂံရွာနှင့် လက်တီးကျေးရွာ အကြားမှ ဂူတော်ကြီး ဘုန်းကြီးကျောင်း ရောက်ရှိပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် အနောက်ဘက်သို့ ဆက်လက်ထွက်ခွာလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အဖြူရောင်တပ်ဖွဲ့(DPY)၊ FRF ၊ တပ်ရင်း ၉ ၊ ပကဖ စသည့် အဖွဲ့အစည်းများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီတွင် စစ်သားများ လိုက်ပါလာသည့် သင်္ဘော ၄ စီးကို PDF တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

====================================

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးရွာတွင် သောင်တင်နေသော အကြမ်းဖက်စစ်ကောင်စီ သင်္ဘောပေါ် ရှိ အကြမ်းဖက်စစ်သားများကို နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြား သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲနှင့် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၁၀ အချိန်တို့တွင် သင်္ဘောပေါ် ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအထိအခိုက်အကျအဆုံးများစွာရှိခဲ့ ကြောင်း သိရသည်။

“လက်လုပ်တွေနဲ့တိုက်ပွဲဖော်ဆောင်နေရတာကြောင့် အဖူးတစ်ဖူးက စကစတွေရှိတဲ့နေရာကျော်ပြီး ရွာ တစ်ရွာထဲကို ကျသွားသေးတယ်၊ ထိခိုက်ပျက်စီးမှုတော့ မရှိပါဘူး၊ အဲဒီအတွက်လည်း ရွာမှာရှိတဲ့ မိဘ ပြည်သူတွေကို အထူးတောင်းပန်ပါတယ်။ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်လို့ အရေးပေါ် လက်နက် ခဲယမ်းတွေ လိုနေပါတယ်” ဟု Chindwin AttacK Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးမတော် (Chindwin Attack Force) တပ်ရင်း -၄ ၊ တပ်ခွဲ – ၃၊ Monywa Nighting PDF ၊ Kani Ice နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းကာ အါရှေ့ဝါးတန်း ရှိ ပကဖ၊ ပအဖ အကူအညီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်တွင် ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

==================================

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲရွာတိုက်ပွဲမှ ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ဖောကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး ခဲ့ကြောင်း Special Guerrilla Force- (SGF-Pakokku)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာ ၂၆ရက် မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် မြိုင်မြို့နယ်၊ ဖောင်းကွဲရွာ တိုက်ပွဲမှာ ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ဖောကား တစ်စီးကို မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဒဏ်ရာရလာတဲ့ စစ်ခွေးတွေကို ပခုက္ကူ ဆေးရုံကို လာအပို့တာကို လမ်းမှာ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်တာ စစ်သား ၆ ဦးသေတယ်။ ၂ ဦး ဒဏ်ရာရတယ်” ဟု Special Guerrilla Force- (SGF-Pakokku)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ္တရာတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

=================================

မန္တလေး မတ္တရာမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ဖောကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Madaya People Defence Force အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၆ နာရီ ၁၆ မိနစ်တွင် မတ္တရာမြို့နယ်၊ မာယာဘင်နှင့် ပိုဝမြောက်ကျေးရွာ အကြားတွင် မိုးကြိုး ပြောက်ကျား – Madaya People Defence Force နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

“စစ်ခွေးတွေပါတဲ့ ဖောကား နှစ်စီးကို မိုင်းဆွဲတာ ကား ၁ စီး ပျက်သွားလို့ နောက်တစ်စီးခေါ်ပြီး စွဲသွားရတယ် စစ်ခွေး သေစာရင်းများနိုင်တယ် အရေအတွက်တော့ မသိရသေးဘူး” ဟု မိုးကြိုးပြောက်ကျား-Madaya People Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူ sayar BH ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article