အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရားမှုတွင် သံဃာတော်များက “အာဏာရှင်စစ်အုပ်စုလုပ်ရပ်ကြောင့် ဒုက္ခစုံကိုရောက်တဲ့ဒီနိုင်ငံကို ဒီနိုင်ငံသူဒီနိုင်ငံသားကမှ မကယ်တင်ရင် ဘယ်သူတွေကကယ်တင်ပေးမှာလဲ” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။