30 C
Yangon

ဆားလင်းကြီးမြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ယာဉ်တန်း ကို ပစ်ခတ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ယာဉ်တန်း ကို ပစ်ခတ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားများ တိုက်ခိုက်ခံရကြီး စစ်သား ၁ ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် စစ်ကိုင်း တိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အချိန် ကင်းလှည့်နေသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများနှင့် ရဲများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက် ကြောင်း အညာဒေါင်း People Defense Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဆားလင်းကြီးမြို့၊ အိမ်တွင်းအသက်မွေးမှုသင်တန်းကျောင်းအနီးသို့ အင်အား ၃၀ ခန့်ဖြင့် ကင်းလှည့် လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ၏ အခြေအနေကို သွားရောက် ထပ်မံ စုံစမ်းထောက်လှမ်းစဉ် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

“အင်အား ၃၀ လောက်နဲ့ကင်းလှည့်လာတဲ့အချိန် ခွေးတွေလှုပ်ရှားမှုကို အနီး ကပ် သွားကြည့်ရင်း လက် နက်ငယ်နဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာ၊ တိုက်ပွဲ ကတော့ နာရီဝက်လောက်ပဲကြာတယ်၊ စစ်ခွေးတွေ ထိခိုက် သေဆုံး မှုတော့ မသိရသေးဘူး။” ဟု အညာဒေါင်း PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အညာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယင်းမာပင် ခရိုင် အမှတ် ၁၀ တပ်ရင်း (ဒေါင်းနက်-နယ်စည်းမခြားပြောက် ကျားတပ်ဖွဲ့)၊ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း S.R.Aတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံ ရပြီး ကားပေါ်မှ စစ်သားတစ်ဦးပြုတ်ကျကာ သေဆုံးခဲ့ကြောင်းKyaikhto-Information-Teamက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် မုပ္ပလင်ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာ သော အကြမ်းဖက်စစ်ကောင်စီကား ၄ စီးကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပြုတ်ကျသေ ဆုံးပြီး ကားမှန်များကွဲကျ လွင့်စင်သွားကြောင်း၊ ကားပေါ်ပါ အကြမ်းဖက် စစ်သား များလည်း ထိခိုက်ဆုံးနိုင် ကြောင်း သိရသည်။

မိုင်းဆွဲခံရသည့်ကားမှာ မလှမ်းမကမ်း နေရာတွင် ထိုးရပ်သွားပြီး အရေးပေါ် ကား များဖြင့် ဒဏ်ရာသေဆုံးစစ် သားများကို သယ်ယူသွားကြောင်း၊ ကျိုက်ထို ပြည်သူ များအနေဖြင့် ယခုကာလသည် တော်လှန်ရေး အရှိန်မြှင့် သည့် ကာလ ဖြစ်သည့်အတွက် အသွားအလာ အထူးဂရုစိုက်ကြပါရန် Kyaikhto-Information-Team ၏အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ချင်းပြည်နယ်သို့ တက်သွားခဲ့သည့် အကြမ်းဖက် စစ်ကောင် စီ ယာဉ်တန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article