ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြာအင်းကျေးရွာမှ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF-KKG ၊ CDF-Hakha ၊ PDF Kalay၊ CNDF ၊RKDF ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က နံနက် ၁၀ နာရီခန့်မှစတင်ပြီး ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း စစ် ကောင် စီဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိနိုင်ကြောင်း
Chinland Defense Force – Kalay Kabaw Gangawက သတင်းထုတ်ပြန်သည်။
အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် CDF ကန်ပက်လက် နှင့် စစ်ကောင်စီ တို့ နှစ်ကြိမ်တိတိ နှစ်ဖက် ထိတွေ့မှု ရှိခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ စစ်ကောင်စီတပ်က ယနေ့တွင်လည်း ထိုးစစ်များ ဆင်နွှဲနေကြောင် သိရှိရသည်။
ယနေ့ တွင် ကန်ပက်လက်မြို့နယ် ရှိ မဆာတွီ ရွာ lမှန်တောင်ရွာl မောချောင်း ရွာနှင့် လှိုင်ဒုတ်ရွာ စုစုပေါင်း ရွာ၄ ရွာမှ ပြည်သူ လူဦးရေ စုစုပေါင်း ၇၅၀ ခန့် နေရပ်စွန့်ခွာပြီး စစ်ရှောင်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။