လောင်းလုံးတွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၀
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ် ကော်မတီမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။





