26 C
Yangon

စစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများကို စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကား၊ စအိုအတွင်း ဝါးလုံးထိုးထည့်ကာ နှိပ်စက်ဟု ဗကသ ထုတ်ပြန်၊ စစ်ကြောရေးတွင် မျက်နှာအဝတ်စည်း၍ မုဒိမ်းကျင့်ခံရမှုများရှိနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတရားဖမ်းဆီးခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က အမျိုးသမီးများနှင့် ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသော အမျိုးသမီးများကို စစ်တပ်က စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗကသများ အဖွဲ့ချုပ်၏ အမျိုးသမီး ရဲဘော် တစ်ဦးသည် မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကာ ထောင်သို့ ပို့ဆောင်ပြီ တိုက်ပိတ်နှိပ်စက်ခဲ့ကာ ယခုချိန်ထိ ဆေးဘက်ဆိုင်ရာ ကုသမှု တစုံတရာမရရှိသေးကြောင်း၊ ထိုအမျိုးသမီး ရဲဘော်သာမက တခြားအဖမ်းဆီးခံ အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးများသာမက အမျိုးသား ၂ဦးသည်လည်း အဆိုပါ စစ်ကြောရေး၌ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခြင်းခံခဲ့ရကြောင်း မတရားဖမ်းဆီးခံရသော ရဲဘော်များ၏ စအိုအတွင်း ဝါးလုံးထိုးထည့်ကာ နှိပ်စက်ခဲ့ခြင်းများပါ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

မင်းအောင်လှိုင် စစ်အုပ်စု၏ ပြည်သူလူထုအပေါ် လူမဆန်စွာ နှိပ်စက် နေမှုများကို ပြည်တွင်း ပြည်ပ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ အရပ်ဖက် လူမှုအဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအရေး ထောက်ခံအားပေးသူများ အနေဖြင့် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ရေငုံနှုတ်ပိတ် မနေဘဲ ကူညီဆောင်ရွက်ကြရန်နှင့် အနှိပ်စက်ခံရသဖြင့် ဒဏ်ရာရသူများ အတွက် ဆေးကုသခွင့် ရရှိရေးကိုပါ ကူညီဆောင်ရွက် ပေးကြရန် လေးစွာတိုက်တွန်းကြောင်း ဖော်ပြထားသည်။

မန္တလေးအခြေစိုက် မြေပြင် ကင်းထောက်သတင်းရင်းမြစ် VOMDY ကလည်း ဗကသ မှ အသက် ၂၃ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရပြီး ဒဏ်ရာများ ရရှိထားကြောင်း၊ အိုးဘိုထောင်ရောက်သည့် ၁၂ လပိုင်း (သို့မဟုတ်) ၁ လပိုင်းမှစ၍ ယခုအချိန်ထိ တစ်ယောက်တည်းသီးသန့်တိုက်ပိတ်ခံထားရကြောင်း၊ စစ်ကြောရေးတွင် အချိန်ကာလကြာရှည်စွာနေခဲ့ပြီး အိုးဘိုထောင်သို့ပြန်‌ရောက် လာသော သပိတ်သမားများ ပြောပြချက်အရ အမျိုးသား ၂ ဦးလည်း မုဒိမ်းကျင့်ခရကြောင်း၊ မျက်နှာများကို အဝတ်များစည်းထား၍ မည်သူက လုပ်ဆောင်ခဲ့သည်ကို အသေးစိတ်မသိရှိရကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူတစ်ဦးကို ယမန်နှစ်အတွင်း ဖမ်းဆီး ညှဉ်းပန်းနေမှု မြင်ကွင်း။ Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article