နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သော အကျိုးရလဒ်များရရှိနေပြီဖြစ်၍ စစ်အာ ဏာရှင် နိဂုံးချုပ်တော့မည်ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မိန့်ခွန်းပြော၊ PDF များကို လက်နက်များ တပ်ဆင်
ရန်ကုန်၊ ဇန်နဝါရီ ၁၇
နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သော အကျိုးရလဒ်များရရှိနေပြီဖြစ်၍ စစ်အာ ဏာ ရှင် နိဂုံးချုပ်တော့မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောဆိုလိုက်သည်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ဇန်နဝါရီလ ၁၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက် ပြောဆိုခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ် ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန် တိုက်ထုတ်နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း၊ ပြည် တွင်း ပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်ကောင်း မွန် စွာဖြင့်ရှေ့ဆက်နေနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်တိုးတက်လျက်ရှိပါကြောင်း၊ NUG ခေါင်းဆောင်များဟာ တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်မှာ တသားတည်းရှိနေကြောင်း၊ စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြော ဆိုသည်။
တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ် ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေကြပါကြောင်း၊ တော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှုကြောင့် မကြာမီ တော်လှန်ရေးအောင်ပွဲအသီးအပွင့်များကို ခံစားကြရတော့မှာ ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအားလုံး ယုံကြည် ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ယခုကြိုးစားအားထုတ်နေမှုထက် ပိုမိုအားစိုက်ထုတ်ပေးကြဖို့ တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့ လက်နက်များပေးအပ်ကြောင်း သင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာ ရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
ယနေ့ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုး သမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာ မောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။