ပုလဲနှင့် ရွှေဘို မြို့နယ်ရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ၄ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း ရိုးမရာဇာတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ဇန်နဝါရီလ ၂၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က အင်အား ၇၀ ဖြင့် ထိန်းချုပ်ထားသော ဇီးဖြူ ကုန်းကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး ပျူစောထီး ၄ ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ပျူစောထီး နေအိမ် ၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။
“စဝင်ပစ်တဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ရွာဘေးပတ်ပတ်လည်ကနေ လက်နက်ကြီးနဲ့ လည်းဝိုင်းပစ်တာ၊ လက်နက်ကြီးပစ်ကူတွေကလည်း ရွာထဲကို အတိအကျ ပေါက်ကွဲတယ်၊ စစ်ခွေး ၄ ကောင် အတိအကျသေတယ်၊ စစ်ခွေးနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်၊ စစ်ခွေးတွေ အင် အား အများ ကြီးတော့ မရှိတော့ဘူး” ဟု ရိုးမရာဇာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ ရိုးမရာဇာ၊ သခင်ဒေါင်းညို ၊ ဒေါင်းနက် ၊ Engery တပ်ဖွဲ့တို့အပါအဝင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ကျေးရွာအတွင်းဝင်ရောက်ကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ရိုးမရာဇာတပ်ဖွဲ့၊ ပခုက္ကူ ခရိုင် တပ်ရင်း ၁၃ ၊ စစ်နိုင်၊ သခင်ဒေါင်းညို၊ Real Hero ၊ ချင်း တွင်းတိုးနယား စသည့် တပ်ဖွဲ့တို့မှလည်း ကျေးရွာပတ်ပတ်လည်မှ လက်နက်ကြီးများ ဖြင့်ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မုတ်ဆီရွာရှိ ပျူစောထီးများကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း TRUE ARROW SPECIAL TASK FORCE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့နယ် မုတ်ဆီရွာရှိ ပျူစောထီးများကို PDF တပ်ဖွဲ့များက လက်နက်ကြီး ၆၅ လုံးကျော် ပစ်ခတ်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TRUE ARROW SPECIAL TASK FORCE (LPDF)၊ သံမဏိလိပ်ပြာ (LPDF) ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် နယ်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့ များပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
