28 C
Yangon

သွေးသံတို့ဖြင့် ရဲရဲနီသော်လည်း ဦးမညွတ်သည့် မြန်မာ့စပါးကျီ စစ်ကိုင်း

Must read

သွေးသံတို့ဖြင့် ရဲရဲနီသော်လည်း ဦးမညွတ်သည့် မြန်မာ့စပါးကျီ စစ်ကိုင်း

By ဂမ်ထွယ်

စစ်ကိုင်းတိုင်း၊ အညာဒေသ ကျေးလက်ဒေသ၏ စပါးခင်းများမှာ ပုံမှန်အားဖြင့် ကောက်ရိတ်သိမ်းချိန် စပါးနှံများတွဲကျလျက် ဝင်းဝါလှပနေခဲ့‌သော်လည်း ယခု နှစ်တွင် ထိုသို့ မဝင်းဝါ မလှပနိုင်တော့‌ဘဲ ခြောက်သွေ့ သွားသော စပါးပင် များ၊ ရိုးပြတ် တို့ဖြင့် အကျဉ်း တန်သွားခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးဧက သန်း ၂၀ နီးပါးခန့်ရှိပြီး စစ်ကိုင်းတိုင်းတွင် စ ပါး စိုက်ပျိုးဧက ၂ သန်း ကျော် (စုစုပေါင်း ၂၀၇၉၃၃၁ ဧက) ရှိရာ မြန်မာ တစ် နိုင် ငံ လုံး၏ ၁၀ ရာခိုင်နှုန်းစပါးစိုက်ဧက ရှိသော တိုင်းဒေသကြီးတစ်ခု ဖြစ် သည်။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၃၇ ခု အနက်မှ မြို့နယ် ၃၄ မြို့နယ်တွင် စစ်ကောင်စီ တပ် များ နှင့် ပြည်သူများအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

လူသတ်၊ မီးရှို့ ၊ ပစ္စည်းလု သာ လုပ်တတ်သော စစ်ကောင်စီတပ်များကို စစ် ကိုင်း တိုင်းမှ ပြည်သူများမှ လုံး၀ လက်မခံတော့ဘဲ ရရာ လက်နက် စွဲကိုင် တော် လှန်ကြပြီဖြစ်ရာ စစ်ကိုင်းတိုင်းမြို့နယ် ၃၄ ခုတွင် တိုက်ပွဲများနှင့် စစ် ကောင်စီ၏ အကြမ်းဖက် ရက်စက်သတ်ဖြတ်မှုများ အရှိန်အဟုန်ဖြင့် မြင့် တက် လျက်ရှိနေသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အေးသာယာကျေးရွာ(ခ) ပျံကျရွာမှ မနွေဦး မေက အချိန်မီ မရိတ်သိမ်းနိုင်၍ စပါးပင်များ ခြောက်သွေ့ပြီး ပျက်စီး အကျဉ်း တန်သော လယ်ကွင်းများကို စိတ်မကောင်းစွာဖြင့် ငေးကြည့်နေသည်။

သူနေထိုင်ရာ အေးသာယာရွာ(ခ) ပျံကျရွာကို စစ်ကောင်စီတပ်သားများက ဒီဇင် ဘာလ ၂၄ရက်နေ့မှစတင်၍ ၂ ရက်က်ဆက် တိုက် မီးရှို့ဖျက်ဆီးခဲ့ ကြသည်။

တချိန်က စိုပြေလှပခဲ့သော အေးသာယာရွာ ကျေးရွာကြီးမှာ စစ်တပ်၏ ရွာလုံးကျွတ် မီးတင်ရှို့မှုကြောင့် သုဿာန်တစပြင်ကဲ့သို့ ပြာပုံအတိ ဖြစ် နေသည်။

“တစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရတာ၊ တချို့တောင်သူတွေဆို အိမ်ပါမကဘူး ရိတ် သိမ်းပြီး အိမ်မှာလှောင်ထားတဲ့ စပါးတွေပါ အရှို့ခံလိုက်ရတယ်။ တကယ် ငတ်တော့မယ့် အနေအထားပဲ” ဟု မနွေဦးမေကပြောသည်။

စပါးစိုက်ပျိုးချိန် ဒေသတွင်း အခြေအနေ ခေတ္တတည်ငြိမ်နေသဖြင့် အခက် အခဲမရှိ စိုက်နိုင်ခဲ့သော်လည်း စပါးရိတ်သိမ်းရန် ပြင်ဆင်ချိန်ကျမှ စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် အေးသာယာရွာခံ တောင်သူအချို့မှာ စပါးရိတ် စက်များရပ်ထားပြီး ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်းရှောင်ကြရသည်။

ထိုအခက်အခဲများကို ဒီပဲယင်းမြို့နယ် အေးသာယာရွာမှ တောင်သူ လယ်သမား များသာမက စစ်ကိုင်းတိုင်းတစ်တိုင်းလုံးရှိ တောင်သူလယ်သမား အများစု တွေ့ကြုံ နေကြရသည်။

စစ်ကြောင်းဆက်တိုက်ထိုးခြင်း၊ တိုက်ပွဲမကြာခဏဖြစ်ပွားခြင်းကြောင့် စပါး စိုက်ပျိုးချိန်တွင် မြို့တက်၍ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာများ လိုသလောက်ဝယ်ယူနိုင်ခြင်း မရှိခဲ့ကြပေ။

လတ်တလော အခြေအနေ တည်ငြိမ် သော စစ်ကိုင်းတိုင်း တချို့ဒေသများမှ တောင်သူများမှာ အချိန်မီ စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့သော်လည်း စပါးအထွက် နှုန်းနည်းပါးသည့် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများကို PDFရဲ‌ဘော်များက မိုင်းပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသဖြင့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းသို့ ဓာတ်မြေ သြဇာ တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သဖြင့် တောင်သူလယ်သမားများ အခက်ကြုံ ကြရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ အသက်၂၀အရွယ် CDM တက္ကသိုလ် ကျောင်း သား ဖြစ်သည့် လူငယ်တောင်သူတစ်ဦးကမူ စပါးစိုက်ရာတွင် ယခင် နှစ် များကဲ့သို့ ဓာတ်မြေသြဇာများ ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိမှု၊ စစ်ကြောင်း ထိုး နေသဖြင့် စပါးအချိန်မီ မစိုက်ပျိုးနိုင်မှုများကြောင့် ယခင်နှစ်များထက် စပါး အထွက်နှုန်းသိသိသာသာ လျော့ကျသွားခဲ့သည်ဟု ပြောသည်။

ယခင်နှစ်များက လယ်တစ်ဧကကို စပါး၆၅တင်းခန့်ရရှိရာမှ ယခုစပါး ရိတ် သိမ်းချိန်တွင် ၃၇တင်းသာရရှိတော့ကြောင်း၊ စပါးတစ်တင်းကို တစ်သောင်း ကျပ်ဖြင့်သာ ရောင်းချခဲ့ရပြီး ကုန်ဈေးနှုန်း မြင့်တက်လာသောကြောင့် အရှုံးပေါ်ခဲ့ရကြောင်း သူကရှင်းပြသည်။

တန့်ဆည်မြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးကမူ ဆန်စက်တွင် ဆန်လာ ကြိတ် သည့် ပမာဏ နည်းပါးသွားပြီး တောင်သူအများစုသည် မိမိတို့ စားရန် အတွက်ကိုသာ ဆန်ကြိတ်ကြကြောင်း၊ ကျန်စပါးများကို ပွဲစားများထံ ရောင်းချ နေကြကြောင်းပြောသည်။

“တောင်သူတွေက အရင်လို ဆန်ကြိတ်ပြီး အိမ်မှာမလှောင်ကြတော့ဘူး။ စစ်ကြောင်း မရှိတဲ့အချိန် ဆန်စက်ပြေးလာပြီး မြန်မြန်ကြိတ်ကြတယ်။ စားဖို့ပဲ ဆန်ကြိတ်ပြီး ကျန်တာတွေ ပွဲစားတွေကို ရောင်းတယ်” ဟုပြောသည်။

ယခင်နှစ်က တောင်သူတစ်ဦးလျှင် စပါးတင်း၅၀ခန့် ဆန်ကြိတ်လေ့ ရှိကြ သော်လည်း ယခုတွင်မူ ၂၅တင်းခန့်သာကြိတ်ပြီး စစ်ကောင်စီတပ်နှင့် နယ် မြေခံ ပျူစောထီးများ စစ်ကြောင်းထိုးစဥ် မီးရှို့ဖျက်ဆီး၊ယူဆောင်သွားမည်ကို စိုးရိမ်သဖြင့် ဆန်အိတ်များကို ရွာထဲတွင် သိုလှောင်မထားရဲဘဲ နီးစပ်ရာ တော များတွင် သိုဝှက်သိမ်းဆည်းထားကြကြောင်း ဆန်စက်လုပ်ငန်းရှင်က ဆက် ပြောသည်။

နယ်မြေမငြိမ်မသက်မှုအခြေအနေများအရ စပါးကူညီရိတ်သိမ်း မည့်သူ ငှားရမ်း မရခြင်း၊ စပါးပွဲစားများက ပေါက်‌ဈေးထက် ဈေးနှိမ်ဝယ်ယူကြခြင်း၊ ပြည်သူ ပိုင်စပါး ခင်းများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အပိုင်သိမ်း ဆည်း ရိတ်သိမ်းကြခြင်း စသည့် အခက်အခဲများနှင့် စစ်ကိုင်းတိုင်း ဒေသခံ တောင်သူ များ ရင်ဆိုင်နေကြရသည်။

တောင်သူလယ်သမားများ၏ အခက်အခဲများကို ဒေသခံပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့များက ကူညီဖြေရှင်းပေးနေကြသော်လည်း တစ်တိုင်းလုံးအတိုင်း အတာ ဖြင့် ကူညီရန်က ခက်ခဲလှသည်။

စပါးရိတ်သိမ်းချိန်တွင် ပြည်သူတို့၏ စပါးခင်းများကို ပြည်သူ့ကာကွယ်ရေး တပ် သားများက ကူညီရိတ်သိမ်းပေးကြသည့်အပြင် စပါးရောင်းသူ ဝယ်သူ နစ်နာ မှုမရှိစေရန် ဈေးသီးခြားသတ်မှတ်ပေးခြင်း၊ ခက်ခဲကျပ်တည်းနေကြသည့် တောင် သူလယ်သမားများထံမှ စပါးဈေးနှိမ်ဝယ်ယူကြသော စပါးပွဲစားများကို အပြစ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နေကြကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

စပါး စိုက်ပျိုးရိတ်သိမ်းမရချိန် စစ်တပ်နှင့်ပျူစောထီးများ၏ လုယက်မှုများက လည်း စစ်ကိုင်းတိုင်း ကျေးရွာများအားလုံးတွင် ကြုံတွေ့နေကြရသည်။

တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာကို စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများက ၃လခန့်တပ်စွဲထားပြီး ရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူထား သည့် အပြင် ရွာအနီးတဝိုက်ရှိ ပြည်သူများစိုက်ပျိုးထားသော စပါးခင်းများကိုလည်း အကြမ်းဖက်ရိတ်သိမ်းပြီး ၎င်းတို့အတွက် သိမ်းယူထားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ၃ရက်နေ့တွင် တန့်ဆည်PDFပူးပေါင်းအဖွဲ့များက ဆင်ငယ်ရွာပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် ဒေသခံများထံမှ စစ်သားနှင့်ပျူစောထီးများ သိမ်းယူထားသော ရွှေ၊ငွေ၊ဆန်နှင့် စားနပ်ရိက္ခာ များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သယ်ထုတ်ပြီး ဆင်ငယ်ရွာ စစ်ဘေးရှောင်ပြည်သူများထံသို့ ပို့ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။

“ဆင်ငယ်ရွာပျူစခန်းကိုသိမ်းပြီး ပျူတွေအဓမ္မယူထားတဲ့ ပြည်သူပိုင် ဆန်တွေ၊ စားနပ်ရိက္ခာတွေ၊ ရွှေ၊ ငွေတွေကို မူရင်းပိုင်ရှင်များကို ပြန်ပေးခဲ့ပါတယ်။ ဆင်ငယ် ရွာက စစ်ဘေးရှောင်ပြည်သူတွေနေတဲ့နေရာကို ဆန်၊ဆီစတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ပြည်သူတွေက ဝမ်းသာလွန်းလို့ ကျနော်တို့ကိုတောင် ရိက္ခာတွေပြန်လှူကြသေးတယ်” ဟု တန့်ဆည်အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သည့် Guerrilla Warfare K.P.Kအဖွဲ့မှ တာဝန်ရှိသူ ကိုဝင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် နွေစပါး ၊မိုးစပါး စိုက်ပျိုးမှုများမှ စပါး တင်းသန်းပေါင်း ၁၃၀၀ ဝန်းကျင် ထွက်ရှိလေ့ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးက တစ်နှစ်လျှင် သန်း တစ် နှစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီးက စပါးတင်းသန်းပေါင်း ၁၅၃ သန်း ထုတ် လုပ်ပေးခဲ့သည့် မြန်မာနိုင်ငံ၏ အားထားရာ စပါးကျီတစ်ခုဖြစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သော ပြည်သူလူထုအရေအတွက် ၅ သန်း ကျော်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းနေထိုင်သည့် တိုင်းဒေသ ကြီးဖြစ်သည်။

ဒီပဲယင်းမြို့နယ်၊ အေးသာယာရွာခံ မနွေဦးမေက အကြမ်းဖက်စစ်တပ်၏ အညာဒေသမှ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာနှိပ်စက်မှု၊ အကြောင်း အရင်း မရှိ မီးရှို့ဖျက်ဆီးမှုများကြောင့် တောင်သူလယ်သမားအလုပ်ဖြင့် အဓိက အသက်မွေးရသော အညာပြည်သူများ၏ ဘဝမှာ ဆင်းရဲမွဲတေပြီး အငတ် ဘေးဆိုက်မည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပြသည်။

“ကျွန်မတို့ တောင်သူတွေမှာ ရှေ့လျှောက် လုပ်ကိုင်စားစရာ အရင်း အနှီး တောင် မကျန်တော့ဘူး။ စစ်ကြောင်းလာရင်လည်း အဝတ် တစ် ထည် ကိုယ်တစ်ခုနဲ့ အမြဲပြေးနေရတယ်။ ကိုယ့်ပြည်သူအချင်းချင်း ကူညီ နေကြ လို့သာ မငတ်ကြသေးတာ။ ဒီပွဲက ပြည်သူဘက်က နိုင်မှကိုဖြစ်မှာ၊ ကိုယ့် ဘက်ကနိုင်မှ ဆုံးရှုံးထားတာတွေ ပြန်ယူနိုင်မှာ”ဟု မနွေဦးမေက ဆိုသည်။

မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော စစ်ကိုင်းတိုင်းသည် ယခု ယမ်းငွေ့တလူလူ၊ မီးရှို့ခံရသည့် မီးခိုးငွေ့ တလွင့်လွင့်ဖြင့် ဆင်းရဲမွဲတေမှုများကြားမှ အကြမ်းဖက် စစ်အာဏာရှင်ကို ဆက်လက် တော်လှန်နေကြသည်။

စစ်ကိုင်းတိုင်းမှ ပြည်သူတို့သည် တော်လှန်ရေး လှိုင်းတံပိုးများအကြား သွေးသံ တို့ဖြင့် ရဲရဲနီနေ၏။ သို့သော် စစ်ကိုင်းတိုင်းမှ ပြည်သူတို့မှာ စစ်အာဏာရှင် တော်လှန် ရေးအတွက် ဘ၀နှင့်အသက်များစွာ ပေးဆပ်တော်လှန် နေကြ ဆဲဖြစ် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article