25 C
Yangon

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ညည ရပ်ကွက် ရာအိမ်မှူး ခင်မောင်အေး ပစ်ခတ်ခံရပြီး သေဆုံး၊ ကော့သောင်းတွင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ် ခံရပြီး အရေးပေါ် ဆေးရုံတင်ထားရ

Must read

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ညည ရပ်ကွက် ရာအိမ်မှူး ခင်မောင်အေး ပစ်ခတ်ခံရပြီး သေဆုံး၊ ကော့သောင်းတွင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ် ခံရပြီး အရေးပေါ် ဆေးရုံတင်ထားရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ ညည ရပ်ကွက် ရာအိမ်မှူး ခင်မောင် အေး ပစ်ခတ်ခံရပြီး သေဆုံးသွားပြီး အောင်စည်တော် စစ်ဆင်ရေးအဖြစ် ပစ် ခတ် တိုက်ခိုက် ခြင်းဖြစ်ကြောင်း AST-MDY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၄၉ မိနစ်အချိန် မန္တ​လေးမြို့ ပြည်ကြီး တံခွန်မြို့နယ် ၅၆ အေလမ်း ၁၁၆နှင့် ၁၁၇လမ်းကြားတွင်နေထိုင်သော အ နောက် ညည ရပ်ကွက် ရာအိမ်မှူး ခင်မောင်ကို အောင်စည်တော် စစ်ဆင်ရေး ရဲဘော်များက အောင်စည်တော်စစ်ဆင်ရေးမိတ်ဆက်အနေဖြင့် သေနတ်ဖြင့် ပစ် ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

“အောင်စည်တော်စစ်ဆင်ရေး မိတ်ဆက် ရှင်းလင်းမှုမှာ ခင်မောင်အေးကို သူ့ အိမ် ရှေ့ မှာ နှုတ်ခမ်းနီ( သေနတ်ကျည်) ဒဏ်ရာနဲ့သေ ဆုံးသွားပြီး အောင် စည် တော်စစ်ဆင်ရေးအဖွဲ့သားတွေအနေနဲ့ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင် ခဲ့ပါတယ်” ဟု အောင်စည်တော် စစ်ဆင်ရေးမှ ရဲဘော်တစ်ဦးက ပြောသည်။

ပြည်သူများကို နှိပ်စက်ဒုက္ခပေးနေသော စစ်တပ်၊ ရဲနှင့် စစ်တပ်လက်ပါး စေ များ ကို အောင်စည်တော်စစ်ဆင်ရေးရဲဘော်များက အရှိန်ဟုန်မြင့် ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားသည်။

အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ် အချိန် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ့် ရပ်ကွက် အုပ်ကြီး ယုလွင်နှင့် မိန်းမကို ကော့ သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ မြို့ပြပျောက်ကျားတပ်ဖွဲ့က ပစ်ခတ် ရာ နှစ်ဦးစလုံး ဒဏ်ရာရရှိပြီး ဆေးရုံတက် ကုသမှု ခံယူနေကြောင်း သိရှိရသည်။

“အခုလက်ရှိမှာတော့ စစ်တပ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ် လူနာအဖြစ် လင်မ ယား၂ယောက်စလုံး တင်ထားရပါတယ်။ ယုလွင်ဆိုသူဟာ အာဏာ မသိမ်းခင် ကတည်းက အုပ်ချုပ်ရေးမှူး ရူးနေသူဖြစ်ပီး အာဏာသိမ်းပြီး နောက်ပိုင်းမှာ အုပ်ချုပ် ရေးမှူးတက်လုပ်ပါတယ်။ စစ်တပ် ဗျုဟာမှူးရဲ့အဓိက လက်ရုံး တစ် ယောက် လည်း ဖြစ်ပါတယ်။ သူအခုယူထားတဲ့ မယားငယ်ကို ဘုရား ကနေ သွားကြိုပြီး အပြန်မှာ ပစ်ခတ်တာပါ။ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် ရာမှာ ၅ ချက် မြောက်မှာ ကျည်ညှပ်သွားလို့ ပွဲချင်းပြီး မသေဘဲ အခုလက်ရှိမှာ အရေး ပေါ်လူနာအဖြစ်ရှိနေပါတယ်” ဟု ကော့သောင်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ၃ မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ဗိုလ် သမန်းကျားက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article