ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင်တွင် Zero to Hero တက်ကြွလူငယ်များက တော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူခံ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင်တွင် Zero to Hero တက်ကြွလူငယ်များက စစ်ဘေးရှောင် ထောက်ပံ့ရေးနှင့် တော်လှန်ရေးအတွက် ရန်ပုံငွေရရှိရေး အလှူခံကာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့ အပတ်တိုင်း စစ်ရှောင်ထောက်ပံ့ရေးနှင့်တော်လှန်ရေးအတွက် အလှူခံထွက်ဖြစ်တယ်။ တပတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ လောက်ရတယ်။ ပြီးတော့ တော်လှန်းရေးနှင့်စစ်ရှောင်တွေအတွက်ဆိုပြီး ကြက်သားအခြောက်ကြော် ၁ လကိုဗူး ၁၀၀၀ လောက် ကြော်ပြီးပို့ပေးသေးတယ်။ စစ်ရှောင်အတွက် အဝတ်အစားလဲ အလှူခံတယ်။ ရန်ပုံငွေအကျီလဲရောင်းတယ်။ တစ်ထည်ကို ၃၀၀ ပေါ့၊ အမြတ်က ၁၀၀ အဲဒီ ၁၀၀ ကိုလဲ တော်လှန်းရေးအတွက်ပဲ” လို့ Zero to Hero အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
Zero to Hero အဖွဲ့မှာ တော်လှန်ရေးအတွက် တဖက်တလှမ်းထောက်ပံ့နိုင်ရေးရည်ရွယ်ချက်ဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း စတင် တည်ထောင်ခဲ့ကြောင်းသိရှိရသည်။



