စစ်ကိုင်းတွင် လူထု အင်အား ၁၀၀၀ ကျော်ပါဝင်သော ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတွင် ပြည်သူ အင်အား ၁၀၀၀ ကျော်ပါဝင်သည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (မလဲသာ ကျောင်းသားများ သမဂ္ဂ ၊ ကဲဘာ ကျောင်းသားများသမဂ္ဂ) ၊ ကျေးရွာပေါင်းစုံလူထု သပိတ်စစ်ကြောင်း၊ အသံမတိတ် အလံမလိပ် အောင်စည်တော် သပိတ်စစ်ကြောင်းနှင့် ဇေယျာတိုင်းရဲ့ ၅/ တို့၏ လူထုသပိတ်စစ်ကြောင်းသို့ ဒေသကာကွယ်ရေးအင်အားစုများ လာရောက်ဝန်းရံနဲ့ပြီး လူထုအင်အား ၁၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။



